ရန်ကုန်၊ ဧပြီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-သီပေါလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ကာ လေးဦးသေဆုံးခဲ့ပြီး၊ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်၊ နေ့လည် ၂ နာရီခန့်က လားရှိုး-သီပေါလမ်း၊ ခေးနင်းတိုးဂိတ်အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းကြောင့် ကလေးငယ်အပါအဝင် လေးဦးသေဆုံးခဲ့ပြီး၊ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွှေတောင်တန်းယာဉ်လိုင်းကလို့ သိရတယ်။ အန်စာတုံး။ အရှိန်လွန်တိမ်းမှောက်တာ။ လေးဦးသေတယ်။ ယာဉ်မောင်းအမျိုးသားတစ်ဦး၊ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး။ အမျိုး သမီးနှစ်ဦးမှာ သေသွားတဲ့ကလေးရဲ့အမေပါတယ်။ ကိုဦးဒဏ်ရာရတယ်။ ကားပေါ်မှာ စုစုပေါင်း ၁၃ ယောက်ပါတာ။” ဟု ကမ်းလင့်လက် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများသည် နောင်မွန်တိုက်နယ်ဆေးရုံကြီးတွင် ဆေးကုသမှုများခံယူပြီး၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကမ်းလင့်လက်အသင်း၊ လား ရှိုးလူငယ်အသင်းနှင့် ကမ္ဘောဇလူမှုကူညီရေးအသင်းတို့က လားရှိုးမြို့သို့ ကူညီပို့ဆောင်ပေးရန်စီးစဉ်ပေးနေကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ကမ်းလင့်လက်လူမှုကူညီရေးအသင်း(လားရှိုး)
ယနေ့ခေတ်
လားရှိုး-သီပေါလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် လေးဦးသေဆုံး၊ ကိုဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်