လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် ငါးဦးသေဆုံး၊ ၂၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ဖယ်ရီကားနှင့် ခရီးသည်တင်ဘတ်စ်ကား မျက်နှာချင်းဆိုင်ဝင်တိုက်မိပြီး၊ ငါးဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းက လှည်းကူးမြို့၊ အမှတ်(၂)လမ်းမကြီး၊ အင်းတိုင်ကျေးရွာတွင် ဖယ်ရီကားနှင့် ခရီးသည်တင်ဘတ်စ်ကား မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး ဖယ်ရီကားပေါ်မှ လိုက်ပါလာသည့် ၃၃ ဦးအနက်၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးသေဆုံးကာ၊ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အမှတ် (၂) လမ်းမှာ ကားနှစ်စီးက မျက်နှာက်ချင်းဆိုင်တိုက်ကြတာ။ ဖယ်ရီကားပေါ်မှာပါတဲ့ယာဉ်မောင်းတစ်ယောက်ရယ် အမျိုးသမီးလေးယောက်။ စုစုပေါင်း ငါးယောက်သေဆုံးတယ်။ ပဲခူးက အထည်ချုပ်ကသူတွေကို ဖယ်ရီကားကလာကြိုတာ။ သေဆုံးသူတွေကိုတော့ လှည်းကူးမှာပဲထားတယ်။” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေးဆုံးသူများ၏ ရုပ်အလောင်းများကို လှည်းကူးဆေးရုံးကြီးတွင်ထားရှိပြီး၊ ဒဏ်ရာရရှိသူတို့ကို အင်းစိန်ကြက်ခြေးနှင့် နယ်မြေခံလူမှုကူညီရေးအသင်းတို့က လှည်းကူးဆေးရုံကြီးမှတဆင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါလအတွင်း လှည်းကူးမြို့နယ်တွင် ယာဉ်းတိုက်မှု ငါးမှုထက်မနည်းရှိခဲ့ကြောင်း သိရသည်။

#ယနေ့ခေတ်
ဓာတ်ပုံ-ပရဟိတ မင်းသား(လှည်းကူး)
#ချစ်ချစ်ခိုင်

လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် ငါးဦးသေဆုံး၊ ၂၈ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.