လှိုင်သာယာ၌ ယာဥ်တိုက်မှုဖြစ် ၄ ဦးသေဆုံး ကားအောက်ပိမိနေသူများရှိဟု ကနဦးသိရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ ကားအောက်၌ ပိမိနေသူများရှိကြောင်း မြို့ နယ်ပရဟိတအသင်း များထံမှ ကနဦးသိရသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“ယာဥ်တိုက်မှုက လူတော်တော်ထိထားတယ်။ လက်တလောတော့ သေဆုံးသူလေးယောက် ထွက်ထားတယ်။ ကားအောက်မှာလဲ ပိမိနေတဲ့လူတွေရှိတယ်။ အခုကတော့ ကယ် ဆယ်ရေးလုပ်နေတုန်းပါပဲ။” ဟု မြို့နယ်ပရဟိတအသင်းမှ တာဝန်ရှိသူကပြောသည်။

လက်ရှိတွင် အဆိုပါယာဥ်တိုက်မှုနှင့် ပတ်သက်သည့် ဖြစ်စဥ်နှင့် ထိခိုက်မိသူများ၏ အချက်အလတ်များအား စုံစမ်းစစ်ဆေးနေဆဲသာဖြစ်၍ သတင်းအပြည့်အစုံအား ထပ်မံဖော်ပြ ပေးသွားပါမည်။

ဂျူဂျူး

ဓာတ်ပုံ – ရွှေပြည်သာ မီးသတ်

#ယနေ့ခေတ်

လှိုင်သာယာ၌ ယာဥ်တိုက်မှုဖြစ် ၄ ဦးသေဆုံး ကားအောက်ပိမိနေသူများရှိဟု ကနဦးသိရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.