ဝိုင်းမော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် တိုက်ပွဲများပြင်ထန်နေပြီး လေကြောင်းတိုက် ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက်၊ ညနေပိုင်းက ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ ကား ၁၀ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့ဘက်တွေမှာ အခုရက်တွေဆို အသံတွေပေါင်းစုံပဲကြားရတယ်။ လေကြောင်းကနေလာရင်တော့ ထိတာတွေများတယ်။ ညနေပိုင်းကထိတာတော့ ကားတွေရော၊ လူတွေရော။ လူတစ်ယောက်ကတော့ နေရာမှာတင်သေသွားတယ်။ ကားတွေကတော့ တော်တော်များတယ်ပြောတယ်။ အိမ်စီးကားတွေရောပဲ။ ကားဝပ်ရှော့ဆိုတော့ ကားတွေတော့များတယ်။” ဟု ဝိုင်းမော်မြို့အနီး နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်၊ ညနေပိုင်းကလည်း ကချင်ပြန်နယ်၊ ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ ထီးလင်း၊ ကောင်ဂျာကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေသူ ၂၀ နီးပါးသေဆုံးခဲ့ပြီး၊ ကလေးငယ်အပါအဝင် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုရပိုင်းအတွင်း ကချင်ပြည်နယ်၊ ဝိုင်မော်မြို့နှင့် ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

#ယနေ့ခေတ်
ဓာတ်ပုံ – CJ
#ချစ်ချစ်ခိုင်

ဝိုင်းမော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.