သထုံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား သံဃာကိုးပါး အပါအဝင် ၁၃ ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၉

မွန်ပြည်နယ်၊ သထုံမြို့တွင် ခရီးသည်တင်ယာဉ် Express နှင့် Lite truck ယာဉ်တို့ မျက်နှာချင်ဆိုင်တိုက်ခဲ့ခြင်းကြောင့် သံဃာကိုးပါးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်၊ ညနေ ၄ နာရီကျော်က ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅) ကျိုက်ကော်အကောင်းရှေ့တွင် မော်လမြိုင်ဘက်မှမောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် မန္တလာ Express နှင့် ရန်ကုန်ဘက်မှ မောင်းနှင်လာသည့် Lite truck ယာဉ်တို့ မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့ခြင်းကြောင့် သံဃာကိုးပါးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့ညနေက ၄ နာရီခွဲလောက်အချိန်ပေါ့ ကောင်းကြိုက်လက်ဖက်ရည်ဆိုင်အရှေ့ကနေ စဖြစ်တာ။ စံနန်းအိမ်အထိပေါ့နော် Express ကားနဲ့ Lite truck ကားနဲ့တိုက်မိတာ။ Lite truck ကားပေါ်မှာက စုစုပေါင်း ၁၉ ယောက်ပါတယ်။ ပျံလွန်တော်မှုသွားတာ ဦးဇင်းက ရှစ်ပါး၊ တစ်ပါးက ဒီနေ့မနက်မှ ပျံလွန်တော်မှုတာ။ ကိုရင်က တစ်ပါး။ ကလေးကတစ်ယောက်၊ ယောင်္ကျားလေးသုံးယောက်နဲ့ဆို စုစုပေါင်း ၁၃ ယောက်ပါ။ ကျန်တာတွေကတော့ ဒဏ်ရာရတယ်။ ဒီနေ့တော့ ပေါ်တော်မှုကျေးရွားမှာရှိတဲ့ ဘုန်ကြီးကျောင်းကို ပို့ပေးမှာ။” ဟု အကြင် နာတွဲလက်အသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပျံလွန်တော်မှုသွားသည့် သံဃာတော်များ၏ရုပ်ကလပ်များနှင့် အမျိုးသားများ၏ ရုပ်အလောင်းများကို ကျိုက်ကော်မြို့မှ သထုံမြို့၊ ပေါ်တော်မူ ဟင်္သာညီနောင်ကျောင်းသို့ အကြင်နာတွဲလက်အသင်းနှင့် နယ်မြေခံလူမှုကူညီရေးအသင်းများက ယနေ့နံနက် ၁၀ နာရီကျော်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-အကြင်နာတွဲလက်
ယနေ့ခေတ်

သထုံမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား သံဃာကိုးပါး အပါအဝင် ၁၃ ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.