သန်လျင်တွင် စက်ရုံကြိုပို့ကားတစ်စီး တိမ်းမှောက် ၁၅ ဦးဒဏ်ရာရရှိ ဟုဆို

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် စက်ရုံကြိုပို့ကားတစ်စီး ကားဘီးပြုတ်ထွက်ရာမှ တိမ်းမှောက်ခဲ့ပြီး စက်ရုံဝန်ထမ်း ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်၊ ည ၈ နာရီကျော်က သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တာဝတက္ကသိုလ်ကျောင်းရှေ့တွင် စက်ရုံကြိုပို့ကားတစ်စီး ကားနောက်ဘီးပေါက်ရာမှ တိမ်းမှောက်ခဲ့ပြီး အထည်ချုပ်စက်ရုံဝန်ထမ်း ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သုံးခွ အထည်ချုပ်ဖယ်ရီကား။ တာဝတက္ကသိုလ်ကျောင်းရှေ့မှာ ကားနောက်ဘီးပေါက်ပြီးမှောက်တာ။ လူနာတွေကတော့ စိုးရိမ်ရတဲ့အခြေအနေထိတော့မရှိဘူး။ စုစုပေါင်းလူနာက ၁၅ ယောက်ရှိတယ်။ အမျိုးသမီးခြောက်ယောက်နဲ့ အမျိုးသားကိုးယောက်။” ဟု လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများကို လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းနှင် YRO တို့က သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-လောကအလင်း လူမှုကူညီကယ်ဆယ်ရေး (သန်လျင်)
ယနေ့ခေတ်

သန်လျင်တွင် စက်ရုံကြိုပို့ကားတစ်စီး တိမ်းမှောက် ၁၅ ဦးဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.