ရန်ကုန်၊ မေ ၂၈
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း မေလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် မြန်မာအစိုးရက သတင်းထုတ်ပြန်သည်။ ယင်းခရီးစဉ်သည် အရပ်သားခေါင်းဆောင်ဖြစ်လာပြီးနောက် သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မကြာမီအချိန်အတွင်း အိန္ဒိယသို့ တရားဝင်ခရီးစဉ်တစ်ခုထွက်ခွာမည်ဟု ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ သမ္မတ ဦးမင်းအောင်လှိုင်နှင့်အ တူ ဝန်ကြီးများနှင့် အခြားအရာရှိများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားမည်ဟု ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဆွေးနွေးမည်ဖြစ်ပြီး စီးပွားရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှစ်ရပ်စလုံးက ပြောကြားသည်။ အိန္ဒိယသမ္မတ ဒရူးပါဒီ မာမူနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံက ပြောကြားသည်။
အဆိုပါခရီးစဉ်သည် “ နှစ်နိုင်ငံအကြား ဘက်စုံဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နက်ရှိုင်းစေမည်ဟု မျှော်လင့်ရသည်” ဟု နယူးဒေလီက ပြောကြားသည်။
Ref: channelnewsasia.com
ယနေ့ခေတ်
သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်