ဟော်မုဇ်ရေလက်ကြားကို အီရန်အားထိန်းချုပ်ခွင့်ပြုခြင်းသည် ‘အန္တရာယ်ရှိသော သာဓက’ ဟု ရူဘီယိုက အာဆီယံသို့ ပြောကြား

မနီလာ၊ ဇူလိုင် ၂၂

ဟော်မုဇ်ရေလက်ကြားကို အီရန်ကထိန်းချုပ်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေမည့် အန္တရာယ်ရှိသော သာဓကတစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားသည်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာနသည် အီရန်ရှိ စစ်ရေးပစ်မှတ်များကို “၁၁ ညဆက်” တိုက်ခိုက်ရန် စတင်နေပြီဟု ပြောကြားချိန်တွင် ၎င်း၏မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

“နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာရေလမ်းကြောင်းကို ထိန်းချုပ်ရန်၊ အခွန်ကောက်ခံရန်နှင့် မပေးဆောင်ပါက သင့်သင်္ဘောများကို ဖောက်ခွဲရန် ဆုံးဖြတ်နိုင်သည့် သာဓကတစ်ခု အရှေ့အလယ်ပိုင်းတွင်ဖန်တီးပါက ဤဒေသအပါအဝင် ကမ္ဘာ့အခြားဒေသများတွင် ထပ်ခါတလဲလဲကြုံတွေ့ရမည့် အလွန်အန္တရာယ်များသော သာဓကတစ်ခုကို ကျွန်ုပ်တို့ဖန်တီးခဲ့ခြင်းဖြစ်သည်” ဟု ရူဘီယိုက မနီလာတွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် သံတမန်များအား ပြောကြားသည်။

“အဓိကအားဖြင့် ၎င်းသည် အလွန်ရိုးရှင်းပါသည်။ အီရန်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်သွားလာမှုကို ထိန်းချုပ်ရန် လက်ရှိဥပဒေယန္တရားအောက်တွင်မရှိသော အခွင့်အ ရေးကို တောင်းဆိုသည်” ဟု ၎င်းက ပြောကြားသည်။

“လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့်ပတ်သက်သည့် အခြေခံမူတစ်ခု ခြိမ်းခြောက်ခံနေရသည်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“အဲဒါကို ဖြစ်ခွင့်မပေးနိုင်ဘူး။”

ကမ္ဘာ့ကုန်သွယ်ရေးအတွက် နောက်ထပ်အရေးကြီးသော ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပိုင်ဆိုင်မှုအငြင်းပွားများနှင့် ရုန်းကန်နေရချိန်တွင် ရူဘီယို၏မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

အင်္ဂါနေ့နံနက်တွင် ဖိလစ်ပိုင်သို့ သူရောက်ရှိလာချိန်တွင် တောင်တရုတ်ပင်လယ် အငြင်းပွားရေလမ်းကြောင်းတွင် တရုတ်နှင့် ဖိလစ်ပိုင်ရေတပ်သားများအကြား မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့ခြင်းအပေါ် အမေရိကန်ကရှုတ်ချခြင်းနှင့် တိုက်ဆိုင်နေသည်။

ရူဘီယိုသည် ဗုဒ္ဓဟူးနေ့တွင် အာဆီယံထိပ်သီးအစည်းအဝေး၏ ဘေးထွက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထိုနေရာတွင် Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နှင့် အခြားနိုင်ငံများနှင့်လည်း ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုသည် အီရန်နှင့် သံတမန်ရေးအရ “ပွင့်လင်းစွာ” ဆက်ဆံနေသော်လည်း တီဟီရန်သည် “အလေးအနက်ထားခြင်းမရှိ” ဟု ထပ်လောင်းပြောကြားသည်။

“အီရန်အနေဖြင့် ကတိကဝတ်များကို လေးစားလိုက်နာပါက အမေရိကန်ပြည်ထောင်စုသည် အပြုသဘောဆောင်ပြီး ညှိနှိုင်းမှုများနှင့် ဆွေးနွေးမှုများတွင်ပါဝင်ရေး ပွင့်လင်းစွာဆက်ဆံရန် ဆန္ဒရှိနေဆဲဖြစ်သည်” ဟု ၎င်းက ပြောကြားသည်။

“ကျွန်ုပ်တို့ လက်ရှိရင်ဆိုင်နေရသော ပြဿနာမှာ ၎င်းတို့သည် ညှိနှိုင်းမှုများကို အလေးအနက်မထားခြင်းဖြစ်သည်” ဟု ရူဘီယိုက ပြောကြားသည်။

“သူတို့ တကယ်အလေးအနက်ထားရင် ကျွန်တော်တို့လည်း အလေးအနက်ထားမှာပါ။ သူတို့ တကယ်အလေးအနက်မထားဘူးဆိုရင် ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တာတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။” ဟု ဆိုသည်။

Ref: world.thaipbs.or.th
ယနေ့ခေတ်

ဟော်မုဇ်ရေလက်ကြားကို အီရန်အားထိန်းချုပ်ခွင့်ပြုခြင်းသည် ‘အန္တရာယ်ရှိသော သာဓက’ ဟု ရူဘီယိုက အာဆီယံသို့ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.