အင်းစိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦး ဒဏ်ရာရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက် ပုလဲလမ်းမကြီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်၍ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၃ နာရီ ၄၅ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက် ပုလဲလမ်းမကြီး၊ သံမဏိစက်ရုံရှေ့တွင် ကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်‌မောင်းမှာ ကားခေါင်းခန်းထဲတွင်ညပ်နေ၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကုန်တင်ကားတစ်စီး အင်းစိန်ရွာမအနောက်မှာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားတာ။ ယာဉ်မောင်းက ကားခေါင်းခန်းထဲညပ်ပြီး ဒဏ်ရာတွေတော့ရတယ်။ မျက်ခုံးကွဲ၊ ပုခုံးအဆစ် လွဲ၊ တစ်ခြားဒဏ်ရာတွေလည်းရှိတယ်။ မြေပြင်မှတော့ ကုသမှုလုပ်ပေးပါတယ်။” ဟု တွဲလက် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူအမျိုးသားကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည့်သူဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်ကလည်း အင်းစိန်မြို့ (သီရိမင်္ဂလာ)လမ်းမကြီး DENKO ဆီဆိုင်ရှေ့တွင် တွဲကားနှင့် Lite Tuck ကားမှာ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ခြင်း ကြောင့်၊ Lite Tuck ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကျန်တစ်ဦးမှာ ဆေးရုံပို့ဆောင်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-တွဲလက်လူမှုကူညီရေးအသင်း

ယနေ့ခေတ်

အင်းစိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦး ဒဏ်ရာရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.