အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။

ယ‌မန်နေ့ နံနက် ၇ နာရီခွဲခန့်က၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ရွာမဘူတာအနီးတွင် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရထားပေါ်တက်ရာက ၎င်း၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာအချို့ရရှိခဲ့ကြောင်း အင်းစိန်ကြက်ခြေ‌နီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“မနေ့ကမနက်ပိုင်းက ရွာမဘူတာမှာ သူကရထားစောင့်စီးတာ ရထားပေါ်ကိုတက်ရင်းနဲ့ ခြေချော်ကျတာ။ ရထားဘီးနဲ့ညှပ်ပြီး ညာဘက်ခြေဖနောင့်က ပြတ်ထွက်သွားတာ။ တစ်ချို့နေရာတွေတော့ ပွန်းပဲတာတွေ‌ရှိတယ်။ အသက်ကတော့ ၅၀ လောက်ရှိပြီး။” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူအမျိုးသားကို အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- အင်းစိန်မြို့နယ်ကြက်ခြေနီအသင်း

ယနေ့ခေတ်

အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.