အဆိုတော် ရီဟားနား၏နေအိမ်ကို သေနတ်ပစ်ခတ်မှုဖြစ်ပွား

လော့စ်အိန်ဂျလိစ်၊ မတ် ၉

အမေရိကန်မီဒီယာများ၏အဆိုအရ လော့စ်အိန်ဂျလိစ်ရှိ ပေါ့ပ်စတား ရီဟားနား၏နေအိမ်ကို အမျိုးသမီးတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှု တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါပစ်ခတ်မှုသည် မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ သေနတ်သမားသည် Beverly Hills ဧရိယာရှိ နေအိမ်လမ်းတစ်ဖက် မော်တော်ယာဉ်ပေါ်မှ ကျည်ဆန် ၁၀ တောင့်ခန့် ပစ်ခတ်ခဲ့ကြောင်း Los Angeles Times ရဲများကို ကိုးကားပြီး မီဒီယာများတွင် ဖော်ပြခဲ့သည်။

အနည်းဆုံး ကျည်ဆန်တစ်တောင့်သည် ရီဟားနား၏ အိမ်ထောင်ဖက် A$AP Rocky နှင့် ၎င်းတို့၏ကလေးများ အတူနေထိုင်သာ နေအိမ်နံရံကို ထိမိခဲ့သည်ဟု ဒေသခံသတင်းဌာန KTLA က ဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ရီဟားနားသည် နေအိမ်အတွင်းရှိနေခဲ့ကြောင်း သတင်းများက ဆိုသည်။

ကမ္ဘာ့အကျော်ကြားဆုံး ပေါ့ပ်စတားများထဲက တစ်ဦးဖြစ်သည့် ရီဟားနားသည် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်းမရှိချေ။

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူသည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပြီးမကြာခင် ဖမ်းဆီးခံခဲ့ရကြောင်း ရဲများကပြောသည်။ ဖမ်းဆီးမှုအတွင်း လက်နက်တစ်ခုကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲများကိုကိုးကားပြီး KTLA က ဖော်ပြသည်။

စုံစမ်းစစ်ဆေးသူများက တိုက်ခိုက်မှု၏ ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Ref: bangkokpost.com
ယနေ့ခေတ်

အဆိုတော် ရီဟားနား၏နေအိမ်ကို သေနတ်ပစ်ခတ်မှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.