အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးထားနိုင်သည့် အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအ သင်းမှ သိရသည်။

ကိုဗစ်ကာလအလွန် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံများသို့ လူငယ်အများစု ထွက်ခွာသွားကြခြင်းကြောင့် ပြည်တွင်း၌ လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရခြင်းဖြစ်ကြာင်း သိရသည်။

“အဓိကတော့ လုပ်သားရှားပါးမှုပြသနာပေါ့။ အခက်အခဲကတော့ရှိကြတာပေါ့။ ရေကြည်ရာမြက်နု‌ရာပေါ့။ အခု အထည်ချုပ်နဲ့ပတ်သက်ပြီး သင်တန်းပေးနေတာတွေရှိတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားအဆင့်တော့ မဟုတ်ဘူးပေါ့။ ကျွမ်းကျင်လုပ်သားအဆင့်ရောက်ဖို့ဆိုတာ အချိန်တော့ယူရမှာပေါ့။” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်အပါအဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်နေကြောင်း သိရ သည်။

အထည်ချုပ်လုပ်ငန်းတွင် ၉ သိန်းနီးပါး ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး၊ လက်ရှိတွင်လည်း တရုတ်နိုင်ငံမှ အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Yangon Directory

#ယနေ့ခေတ်

အထည်ချုပ်ကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.