ဝါရှင်တန်၊ ဧပြီ ၂၀
အမေရိကန်တောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် တနင်္ဂနွေနေ့အစောပိုင်းက ပစ်ခတ်မှုတစ်ခုတွင် ကလေးရှစ်ဦး သေဆုံးခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်တစ်ခုဟု ရဲတပ်ဖွဲ့က ယူဆသည်။
ရှရီးဗ်ပို့တ်မြို့တွင် မနက် ၆:၀၀ နာရီ (GMT ၁၁၀၀) က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုတွင် နှစ်နှစ်ကျော်အတွင်း အသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ကြောင်း သေနတ်ဖြင့်အကြမ်းဖက်မှုမှတ်တမ်းမှ အချက်အလက်များအရ သိရသည်။
သေနတ်သမားကို ချက်ချင်းမသိရှိရသေးသော်လည်း အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးဟု သတင်းများထွက်ပေါ်ခဲ့ပြီး ၎င်း၏ကားကို လိုက်လံဖမ်းဆီးစဉ် ရဲများကပစ်သတ်ခဲ့ကြောင်း အရာရှိများက ပြောကြားသည်။
“ အတော်လေးကျယ်ပြန့်သော ရာဇဝတ်မှုဖြစ်ပွားရာနေရာ” သည် နေအိမ်သုံးလုံးတွင် ပတ်သက်နေပြီး စုံစမ်းစစ်ဆေးသူများက သက်သေအထောက်အထားများကို ရှာဖွေနေကြောင်း ရဲတပ်ကြပ်ကြီး ခရစ်ဘိုဒီလွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကျူးလွန်ခံရသူများသည် အသက်တစ်နှစ်မှ ၁၄ နှစ်အထိရှိကြောင်း ဘိုဒီလွန်က ပြောကြားသည်။ အခြားလူနှစ်ဦးသည် သေနတ်ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့၏အခြေအနေကို ချက်ချင်းမသိရသေးပါ။
“ အထဲမှာရှိတဲ့ ကလေးတချို့က သူ့ရဲ့သားစဉ်မြေးဆက်တွေပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သံသယရှိသူသည် ကားတစ်စီးကို လုယက်ထွက်ပြေးခဲ့ပြီး ရဲများကလိုက်လံဖမ်းဆီးရာတွင် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးခဲ့သည်။ ပြည်နယ်ရဲတပ်ဖွဲ့၏အဆိုအရ ရဲအရာရှိများ ထိခိုက်ဒဏ်ရာမရရှိပါ။
“ ဤနေရာတွင် သေနတ်ပစ်ခတ်သူမှာ တစ်ဦးတည်းသာဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်” ဟု ဘိုဒီလွန်က ပြောကြားခဲ့ပြီး အဆိုပါဖြစ်ရပ်ကို “ အိမ်တွင်းအကြမ်းဖက်မှု” အဖြစ် ခေါ်ဆိုခဲ့သည်။
ရဲများက သေဆုံးသူများနှင့် သေနတ်သမားအကြောင်း အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆွေမျိုးများထံ အကြောင်းမကြားမီ ထုတ်ပြန်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ABC သတင်းဌာန၏ တွဲဖက် KTBS ၏ သတင်းပို့ချက်အရ ဒဏ်ရာရရှိသူနှစ်ဦးမှာ ဦးခေါင်းတွင်ပစ်ခတ်ခံရသော အရွယ်ရောက်ပြီးသူ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ နေ အိမ်တစ်ခု၏ အမိုးပေါ်မှခုန်ချစဉ် ယောက်ျားလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်၊ လူဝီစီယားနားပြည်နယ်၏ အထက်လွှတ်တော်အမတ်နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ရီပတ်ဘလီကန် ဘီလ်ကက်စီဒီက ဖြစ်ရပ်ကို “ ကြောက်မက်ဖွယ်ကောင်းသော အ ကြမ်းဖက်မှု” အဖြစ်ခေါ်ဆိုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းပေးခဲ့သည်။
လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီက “ နှလုံးကြေကွဲခဲ့ရသည်” ဟု ပြောကြားသည်။
သေနတ်များ အလွယ်တကူရရှိနိုင်သော အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့်အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးလျက်ရှိသည်။
“ ရှရီးဗ်ပို့တ်မှာ ဒီနေ့ဟာ အလွန်ဆိုးရွားတဲ့ မနက်ခင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်” ဟု မြို့ တော်ဝန် Tom Arceneaux က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Ref: bangkokpost.com
ယနေ့ခေတ်
အမေရိကန်ပြည်ထောင်စု အိမ်တွင်းအကြမ်းဖက် ပစ်ခတ်မှုတွင် ကလေးရှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်