အယ်လ်နီညိုသည် သွေးလွန်တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်ဟု ကျွမ်းကျင်သူများ ပြောကြား

စင်ကာပူ၊ ဇူလိုင် ၁၆

အယ်လ်နီညိုသည် စင်ကာပူသို့ ပိုမိုပူပြင်းခြောက်သွေ့သော ရာသီဥတုကို ယူဆောင်လာသည်နှင့်အမျှ အချို့သောကူးစက်ရောဂါများ၏ အန္တရာယ်သည် မြင့်တက်လာနိုင်ပြီး နာတာရှည်ရောဂါများ ပိုမိုဆိုးရွားလာနိုင်သည်ဟု ဆရာဝန်များက ပြောကြားသည်။

ရာသီဥတုပုံစံသည် ရောဂါကို တိုက်ရိုက်မဖြစ်စေသော်လည်း သွေးလွန်တုပ်ကွေးကဲ့သို့သော ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများကို အကျိုးပြုသည့် အခြေအနေများကို ဖန်တီးပေးနိုင်သည်။

ပူပြင်းသောရာသီဥတုသည် လူများကို အိမ်တွင်း၌ လေအေးပေးစက်တပ်ဆင်ထားသော နေရာများသို့ ပိုမိုတွန်းပို့နိုင်ပြီး လူအုပ်ကြီးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ် (RSV) နှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပျံ့နှံ့မှုကို တိုးမြင့်စေနိုင်သည်။

စင်ကာပူ မိုးလေဝသဌာနက အယ်လ်နီညိုအခြေအနေများသည် အောက်တို ဘာလအထိ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားသည်။

#ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများ မြင့်တက်လာနိုင်သည်

အယ်လ်နီညိုကာလအတွင်း အပူချိန်မြင့်မားခြင်းသည် Aedes ခြင်များ၏ သက်တမ်းစက်ဝန်းကို မြန်ဆန်စေပြီး ဗိုင်းရပ်စ်များပွားများမည့်အချိန်ကို တိုတောင်းစေနိုင်သည်။

“ယေဘုယျအားဖြင့် သွေးလွန်တုပ်ကွေးနှင့် ချီကွန်ဂွန်ညာ အပါအဝင် ဗက်တာမှတစ်ဆင့်ကူးစက်သောရောဂါများ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်” ဟု Farrer Park ဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ နီကိုလတ်စ်ချူးက ပြောကြာသည်။

ကူးစက်ရောဂါများအပြင်၊ အယ်လ်နီညိုသည် လေထုအရည်အသွေးကို ဆိုးရွားစေခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

ဖုန်မှုန့်၊ ညစ်ညမ်းပစ္စည်းများနှင့် ပန်းဝတ်မှုန်များသည် လေထုထဲတွင် စုပုံလာပြီး ပန်းနာရင်ကျပ်နှင့် လေပြွန်ရောင်ခြင်းကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဒေါက်တာ ချူးက CNA ၏ Singapore Tonight တွင် ပြောကြားခဲ့သည်။

အမှုန်အမွှားများ (PM2.5) သည် အဆုတ်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်နိုင်ပြီး သွေးကြောထဲသို့ ဝင်ရောက်ကာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ပိုမိုဆိုးရွားစေနိုင်သည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ပြင်ပတွင် အလုပ်လုပ်သူများနှင့် နှလုံး သို့မဟုတ် အဆုတ်ရောဂါရှိသူများသည် အန္တရာယ်အရှိဆုံးသူများထဲတွင် ပါဝင်သည်။

#RSV သည် ကလေးငယ်များအတွက် စိုးရိမ်စရာဖြစ်သည်

အထူးသဖြင့် ကလေးငယ်များတွင် RSV သည် သတိထားရမည့် နောက်ထပ်ကူးစက်မှုတစ်ခုဖြစ်သည်ဟု ဆရာဝန်များက ပြောကြားသည်။

#ပြင်းထန်သောဖြစ်ရပ်များသည် လေပြွန်ရောင်ခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်းကို ဖြစ်စေနိုင်သည်။

အေဂျင်စီက RSV သည် ၂၀၂၅ ခုနှစ်တွင် ဒေသခံဆေးရုံများတွင် တွေ့ရှိရသည့် ကလေးဗိုင်းရပ်စ်များထဲတွင် ထိပ်တန်းကပါဝင်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတကာ ကလေးနှင့် ဆယ်ကျော်သက်ဆေးခန်းမှ ကလေးအထူးကုဆရာဝန်နှင့် ကလေးအဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ Ooi Pei Ling က RSV သည် အအေးမိခြင်းကဲ့သို့သော ရောဂါလက္ခဏာများဖြင့် စတင်လေ့ရှိပြီး ကလေးငယ်များတွင် အသက်ရှူရခက်ခဲစေနိုင်ကြောင်း ပြောကြားသည်။

ပူပြင်းခြောက်သွေ့သောအခြေအနေများတွင် ဗိုင်းရပ်စ်ကိုယ်တိုင်က ရှင်သန်နိုင်ခြေနည်းကြောင်း ဒေါက်တာ Ooi က ပြောကြားခဲ့သည်။ သို့သော် ပူပြင်းသောရာသီဥတုတွင် အိမ်တွင်း၌ အချိန်ပိုကုန်ဆုံးသူများသည် RSV ပျံ့နှံ့ရန် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကြောင်း သူမက ထောက်ပြခဲ့သည်။

“အပူချိန်အလွန်ပူသောအခါ လူတိုင်း အိမ်တွင်း၌ လူစုလူဝေးဖြစ်လာပြီး လူစုလူဝေးကြောင့် လူတိုင်းသည် ဗိုင်းရပ်စ်ကို အချင်းချင်းကူးစက်စေသည်” ဟု သူမက ပြောကြားသည်။

လမစေ့ဘဲမွေးဖွားသောကလေးများ သို့မဟုတ် နှလုံး၊ အဆုတ် သို့မဟုတ် ကိုယ်ခံအားစနစ်ချို့ယွင်းသောကလေးများအတွက် အန္တရာယ်ပိုမိုမြင့်မားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပြီး မိဘများနှင့် ပြုစုစောင့်ရှောက်သူများအား ကောင်းမွန်သော သန့်ရှင်းရေးကိုကျင့်သုံးရန် အကြံပြုခဲ့သည်။

“ကလေးငယ်တွေကို မကိုင်တွယ်ခင် လက်ဆေးပါ။ ချောင်းဆိုးတာနဲ့ အအေးမိပြီး နေမကောင်းဖြစ်နေတယ်ဆိုရင် အထူးသဖြင့် ခြောက်လအောက် ကလေးငယ်တွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။” ဟု ဆိုသည်။

ကိုယ်ဝန် ၃၂ ပတ်ကနေ ၃၆ ပတ်ကြား မိခင်လောင်းတွေကိုလည်း RSV ကာကွယ်ဆေးထိုးဖို့ ဒေါက်တာ Ooi က တိုက်တွန်းခဲ့သည်။

ယခုကာလအတွင်း ကာကွယ်ဆေးထိုးခြင်းသည် မွေးဖွားခြင်းမပြုမီ မိခင်မှ ကလေးဆီသို့ ကာကွယ်ဆေးမျှဝေပေးခြင်းအားဖြင့် ကလေး၏ ပထမခြောက်လအတွင်း RSV ရောဂါ ပြင်းထန်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

မိခင်ကာကွယ်ဆေး မထိုးပေးပါက မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်တွေများလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ကြောင်း သူမက ထပ်လောင်းပြောကြားသည်။

#လာမယ့်လတွေအတွက်ပြင်ဆင်ခြင်း

Farrer Park ဆေးရုံမှ ဒေါက်တာ Chew က စင်ကာပူတွင် အယ်လ်နီညိုနှင့် ဆက်စပ်သည့်ရောဂါများ မြင့်တက်လာနိုင်မလားဆိုသည်ကိုပြောရန် စောလွန်းနေသေးပြီး ရောဂါကူးစက်မှုကို သက်ရောက်မှုရှိသည့် အချက်အလက်အများအပြားရှိခြင်းကြောင့် တိုက်ရိုက်ဆက်စပ်မှုကို သက်သေပြရန် ခက်ခဲသည်ဟု ပြောသည်။

သို့ရာတွင် နာတာရှည်ရောဂါ ဆေးကုသမှုခံယူနေရသူများအနေဖြင့် ပုံမှန်စစ်ဆေးမှုများပြုလုပ်ပြီး ဆေးဝါးအလုံအလောက်ထားရှိရန် သူက တိုက်တွန်းခဲ့သည်။

ပူပြင်းသည့်ရာသီဥတုတွင် လေအေးပေးစက်များနှင့် လေသန့်စင်စက်များကို အသုံးမပြုမီ သန့်ရှင်းရေးလုပ်ရန်ကိုလည်း သူက အကြံပြုခဲ့သည်။

“ဒီအရာတွေက ဘက်တီးရီးယားနဲ့ မှိုတွေ အများကြီး ခိုအောင်းနေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

စင်ကာပူသည် အယ်လ်နီညိုဖြစ်စဉ်များကို ယခင်ကလည်း ကြုံတွေ့ခဲ့ရဖူးပြီး ကျန်းမာရေးအာဏာပိုင်များအနေနှင့် ကောင်းကောင်းနားလည်သဘောပေါက်နိုင်သည်ဟု ဒေါက်တာချူးက မှတ်ချက်ပြုသည်။

“သတိပေးလက္ခဏာတွေ ပေါ်လာတဲ့အခါ သင့်တော်တဲ့အစီအမံတွေ ချမှတ်နိုင်ဖို့ ရာသီဥတုသိပ္ပံပညာရှင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်တွေနဲ့ အစိုးရအေဂျင်စီတွေဟာ နီးကပ်စွာဆက်သွယ်ပြောဆိုသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီအယ်လ်နီညိုဖြစ်စဉ်ဟာ အသစ်အဆန်းမဟုတ်တဲ့အတွက် ကျွန်တော်တို့ နှစ်သိမ့်မှုယူသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒီတစ်ခါ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို လမ်းညွှန်ဖို့ ဒါမှမဟုတ် ကြိုတင်ခန့်မှန်းဖို့အတွက် အတိတ်ကရောဂါတွေအပြင် ကူးစက်ရောဂါတွေအကြောင်း အချက်အလက်တွေကို ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Ref: channelnewsasia.com
ယနေ့ခေတ်

အယ်လ်နီညိုသည် သွေးလွန်တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်ဟု ကျွမ်းကျင်သူများ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.