အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆို

နယူးဒေလီ၊ ဇွန် ၁၀

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဇွန်လ ၉ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ရာ ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ဦးဆောင်သောပါတီသည် သောင်ပြိုကမ်းပြိုအနိုင်မရသည့်အတွက် အခြားပါတီငယ်များနှင့်ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒေသအတွင်းနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များအပြင် ဘောလီဝုဒ်စတားများ၊ စက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံရလို့ ကျေနပ်ဂုဏ်ယူပါတယ်။” ဟု ပြောသည်။

မိုဒီကိုအာပေးထောက်ခံသူများက မိုဒီနာမည်ကိုအော်ဟစ်ကြွေးကြော်ကာ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

မိုဒီသည် အိန္ဒိယဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ၎င်း၏အစိုးရအဖွဲ့အသစ်တွင်ပါဝင်မည့် အစိုးရအဖွဲ့အသစ်လူစာရင်းကို လာမည့်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်သွားဖွယ်ရှိနေကြောင်း သိရသည်။

မိုဒီသည် အိန္ဒိယနိုင်ငံသမိုင်းတွင် နှစ်ပေါင်း ၆ ၀ကျော်အတွင်း ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရသော ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com/asia

အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.