အိမ်ဖြူတော်အငြင်းပွားမှုအပြီးတွင် ဥရောပမဟာမိတ်များက ယူကရိန်းနောက်တွင်ရပ်တည်

လန်ဒန်၊ မတ် ၁

အမေရိကန်သမ္မတက ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားနှင့် ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ်ဟုစွပ်စွဲကာ အိမ်ဖြူတော်မှထွက်ခွာစေပြီးနောက် ယူကရိန်း၏ ဥရောပမဟာမိတ်များသည် တနင်္ဂနွေနေ့တွင် လန်ဒန်၌တွေ့ ဆုံရန်ပြင်ဆင်ကာ သမ္မတ ဇီလန်စကီး၏နောက်တွင် ရပ်တည်ခဲ့ကြသည်။

ဇီလန်စကီသည် ဓာတ်သတ္တုသဘောတူညီချက်ကို လက်မှတ်မထိုးဘဲ အိမ်ဖြူတော်မှထွက်ခွာခဲ့ခြင်းကြောင့် ဥရောပခေါင်းဆောင်အများစုသည် ၎င်းအားကာကွယ်ရန် စီစဉ်ခဲ့ကြ သည်။

“မင်းတစ်ယောက်တည်းမဟုတ်ဘူး” ဟု ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်က ပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတားမာသည် ထရမ့်နှင့် ဇီလန်စကီးတို့ကို စကားပြောခဲ့ပြီး ကိဗ်ကို မယိမ်းယိုင်ထောက်ခံကြောင်း ကတိပြုခဲ့သည်ဟု ကီရာ စတားမာက ပြောကြားသည်။

Ref: BBC

#ယနေ့ခေတ်

အိမ်ဖြူတော်အငြင်းပွားမှုအပြီးတွင် ဥရောပမဟာမိတ်များက ယူကရိန်းနောက်တွင်ရပ်တည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.