ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင် ဖမ်းဆီးခံရ

ရန်ကုန်၊ မတ်လ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

မတ်လ ၁၇ ရက်၊ ညနေ ၅ နာရီကျော်က ဖားကန့်မြို့အခြေစိုက် ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာက Jade queen လက်ဖက်ရည်ဆိုင်ထဲမှာ သူ့မိတ်ဆွေတစ်ယောက်နှင့်ထိုင်နေရင်း လက်နက်ကိုင်ထားတဲ့လူငါးယောက်က လာရောက်ခေါ် ဆောင်သွားတယ်လို့ လက်ဖက်ရည်ဆိုင်ကနေသိခဲ့ရပါတယ်။ အခု ၁၂ နာရီအချိန်ထိတော့ ဘယ်အဖွဲ့က ဖမ်းဆီးသွားလည်းဆိုတာ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။” ဟု မြို့ခံတစ်ဦး၏လူမှုကွန်ရက်တွင် ရေးသားထားချက်အရ သိရသည်။

“စုဆောင်းရေးဆွဲတာနဲ့ပတ်သက်ပြီး ထုတ်ပေးတာကတဖွဲ့ ပိုက်ဆံယူတာက တဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်။ မန့်မှာ ဆွေးနွေးကြပါဦး။” ဟု ကိုတာလင်မောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် ဖမ်းဆီးခံသည့်ဟု သိရသည်။

မှော်ရှန်ကျေးရွာတွင် ဖမ်းဆီးခံရသည့် ကိုတာလင်းမောင်၏ အခြေအနေနှင့်ပတ်၍ အသေးစိတ်မသိရှိရသေးပါ။

ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင်သည် ဖားကန့်မြို့တွင် သတင်းပြန်ကြားရေးလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး နလအ အစိုးရလက်ထက်တွင် CDM လုပ်ဆောင်သွားသူဟုလည်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-Tarlin Mg
ယနေ့ခေတ်

ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင် ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.