ဥသျှစ်ပင်မြို့တွင် အမျိုးသမီးတစ်ဦး ကွန်ကရစ်ပြားပိကာ သေဆုံး

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် အမျိုးသမီးတစ်ဦး နှစ်ထပ်တိုက်ပေါ်မှ ကွန်ကရစ်အမိုး ပိမိပြီး၊ သေဆုံးသွားခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်၊ နံနက် ၁၁ နာရီက ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာတွင် အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဆောက်လက်စနှစ်ထပ်တိုက်မှ ပြိုကျလာသည့် ကွန်ကရစ်အမိုးပိမိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အိမ်ဆောက်နေရင်းနဲ့ အပေါ်ထပ်ကအမိုးစလက်ပြားက လေသာဆောင်လိုမျိုး ထုတ်ထားတဲ့အပေါ်မှာ ဆောက်လုပ်ရေးသမားတွေမရှိခင် သူ့ကသန့်ရှင်းရေးတက်လုပ်တာ။ အပေါ်ကစလက်ပြား(ကွန်ကရစ်ပြား)က ပြုတ်ကျပြီး သူ့အပေါ်ကိုပိမိတာ။ သူ့ညီမပြောတာတော့ သူ့အမက သန့်သန့်ရှင်းရှင်းကြိုက်တော့ မျက်လုံးထဲရှုပ်နေတဲ့ဟာတွေတွေ့တော့ ရှင်းတာလို့တော့ပြောတယ်။ အသက်ကတော့ ၃၉ နှစ်ရှိပြီ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကွန်ကရစ်ပြားပိမိ၍ သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ ဥသျှင်ပင် တိုက်နယ်ဆေးရုံကြီးသို့ ကူညီပိူ့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

ဥသျှစ်ပင်မြို့တွင် အမျိုးသမီးတစ်ဦး ကွန်ကရစ်ပြားပိကာ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.