၉ လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ထား ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

ယခုဘဏ္ဍာနှစ်၏ ကိုးလအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်၏ သတ်မှတ်လျာထားချက် ၈၀ ရာခိုင်နှုန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“ဒီဘဏ္ဍာနှစ်မှာတော့ လျာထားချက်ကိုပြည့်မီမှာပါ။ တင်ပို့ရမယ့်ကာလက သုံးလတောင်ကျန်သေးတယ်။ ပင်လယ်ရေကြောင်းကနေပဲ အဓိကထားပြီးတင်ပို့နေတယ်။ လျာထားချက်ပြည့်မီအောင်တော့ လုပ်ဆောင်နေပါတယ်။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည့်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန်လျာထားပြီး ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် တင်ပို့မှုလျော့ကျခဲ့သော်လည်း အောက်တိုဘာတွင် တန်ချိန် ၄၂၄,၇၈၄ တန် (လျာထားချက်နှစ်ဆ)၊ နိုဝင်ဘာလအတွင် တန်ချိန် ၃၃၄,၅၃၅ တန် (လျာထားချက်တစ်ဆခွဲ)၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၇,၄၉၀ တန်(လျာထားချက်တစ်ဆခွဲကျော်)အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန် ချိန် ၂ ဒသမ ၀၃၄ သန်းတငိပို့ထားပြီး အဆိုပါတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၉၄၈ သန်းရရှိထားကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

၉ လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.