PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမှု မအောင်မြင်သေး ဟုဆို  

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးရာတွင် မအောင်မြင်သေးကြောင်း တပ်နှင်းနီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

PSLF ကိုယ်စားလှယ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် မြန်မာကိုယ်စားလှယ်များနှင့် ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ပြီး ဆွေးနွေးနေခြင်းဖြစ်သည်။

“ကနဦးသိရတဲ့ သတင်းအချက်အလက်တွေအရတော့ ဆွေးနွေးမှုကမအောင်မြင်သေးဘူး။ ဆွေးနွေးနေဆဲပေါ့။ သူတို့က နယ်မြေကိုသီးသန့်ခွဲထွက်ချင်တာ။ အဓိကအကြောင်းရင်းက အလုံးစုံပြီးမှသိရမယ်။ ဆွေးနွေးပွဲတွေကတော့ တစ်ကြိမ်တည်းနဲ့တော့ မပြီးဘူးလေ။” ဟု တပ်မတော်အရာရှိတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကူမင်းမြို့တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးဆွေးနေစဉ် တစ်ဖက်တွင် TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်ဖက်မှ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ပြီး၊ PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ကာ၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – PSLF/TNLA

#ယနေ့ခေတ်

PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမှု မအောင်မြင်သေး ဟုဆို   အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.