ရန်ကုန်၊ ဧပြီ ၂၃
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် ရေဆင်းစိမ်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက်၊ ညနေ ၆ နာရီကျော်က မိုးကောင်းမြို့တွင် အသက် ၄၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦး အပူဒဏ်မခံနိုင်၍ နန့်ရင်းချောင်းအတွင်း ရေဆင်းစိမ်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့ပုံစံကြည့်ရတာ အရက်တွေဘာတွေသောက်ပြီးတော့မှ ရေဆင်းစိမ်တဲ့သဘောတော့ရှိမယ်။ အပူဒဏ်မခံနိုင်တော့ နန့်ရင်းချောင်းထဲဆင်းပြီး ရေစိမ်ရင်းနဲ့ ရေတိမ်မှာနစ်ပြီးသေ တာ။ လယ်သာဂျာကင်နဲ့ အင်္ကျီကလည်း ငါးထပ်ဝတ်ထားတယ်။ အသက်ကတော့ ၄၀ ပတ်ချာလည်လောက်တော့ရှိမယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း မသိရသေးဘူး။ ပိုင်းရှင်တော့မရှိသေးဘူး။” ဟု ဒေသခံပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးခဲ့သည့် အမျိုးသား၏ရုပ်အလောင်းကို ရင်ငြိမ်းပန်းပရဟိတအသင်းမှ မိုးကောင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ရင်ငြိမ်းပန်းပရဟိတ
ယနေ့ခေတ်
မိုးကောင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်