လှိုင်သာယာမြို့နယ်တွင် မော်တာစက်ဘီးအရောင်းဆိုင် မီးလောင်

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မော်တာစက်ဘီးအရောင်းဆိုင် ပေါက်ကွဲမှုဖြစ်ပေါ်ရာမှတဆင့် မီးလောင်းကျွမ်းခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်၊ နံနက် ၃ နာရီကျော်က လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်ရှိ မော်တာစက်ဘီးနှင့် ဂျပန်စက်ဘီးများ ရောင်းချသည့်ဆိုင် ပေါက်ကွဲမှုဖြစ်ပေါ်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဘယ်ကနေစလောင်တာလဲတော့ အခုချိန်ထိသေချာမသိရသေးဘူး။ ဆိုင်နဲ့အိမ်နဲ့က အလယ်မှာအုတ်ပြားခြားထားတော့ ဆိုင်ကပစ္စည်းတွေတော့ အကုန်လောင်သွားတာတော့မရှိပါဘူး။ အရှေ့တစ်ခြမ်းလောက်ပဲလောင်သွားတယ်။ ပေါက်ကွဲတဲ့အသံကြားပြီးတော့ လောင်တာ။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆိုင်က အပိုပစ္စည်းတွေရောလောင်တာဆိုရင် ဆုံးရှုံးမှုတန်ဖိုးက သိန် ၂၀၀ ကျော်လောက်တော့ရှိမယ်။” ဟု အဆိုပါစက်ဘီးဆိုင်ပိုင်ရှင်က ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် Ko ကျော်နှင့်ညီအကိုများ မော်တာစက်ဘီးဆိုင်ကို နယ်မြေခံမီးသတ်တပ်ဖွဲ့များက အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုတွင် နံနက် ၃ နာရီ၊ ၁၈ မိနစ်က စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၃ နာရီ ၃၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

လှိုင်သာယာမြို့နယ်တွင် မော်တာစက်ဘီးအရောင်းဆိုင် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.