ရခိုင်ကမ်းရိုးတန်းနှင့် အနောက်ဘက်ဒေသများတွင် အားကောင်းသောမိုးတိမ်တိုက်များ ဝင်ရောက်လာနိုင်

ရန်ကုန်၊ ဧပြီ ၃၀

ရခိုင်ပြည်နယ်နေရာအချို့တွင် အားကောင်းသောမိုးတိမ်တိုက်များ ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်နိုင်က သူ၏လူမှုကွန်ရက်တွင် ပြောကြားထားသည်။

ဧပြီလ ၃၀ ရက်၊ နေ့လည် ၂ နာရီအတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် သံတွဲမြို့များအနီးတွင် အလွန်အားကောင်းသော မိုးတိမ်တိုက်ကြီး (Storm System) တစ်ခုသည် ပင်လယ်ပြင်တွင်တည်ရှိနေပြီး ကုန်းတွင်းပိုင်းသို့ ဦးတည်နေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အတွင်းမှ အားကောင်းသော မိုးတိမ်တိုက်များသည် မြန်မာနိုင်ငံအတွင်းသို့ စတင်တိုးဝင်လာမည်ဖြစ်ကြောင်း ရေဒါပုံရိပ်များကပြသနေသည်ဟု သိရသည်။

ထို့အပြင် ခန့်မှန်းချက်အရ ယနေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်တို့တွင် မိုးတိမ်တိုက်များ စတင်ဖုံးလွှမ်းလာမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း၏ အနောက်ဘက်ခြမ်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးတိမ်များ ပိုမိုကျယ်ပြန့်လာပြီး ညနေပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန်ရှိကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်နှင့် အရှေ့ဘက်ကုန်းမြင့်ဒေသ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) တို့တွင်လည်း ဒေသအလိုက် မိုးတိမ်တိုက်များ (Cells) ပြန့်ကျဲဖြစ်ပေါ်နေပြီး ညဦးပိုင်းအထိ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနိုင်သည်ဟု သိရသည်။

ယနေ့သည် ကဆုန်လပြည့်နေ့ဖြစ်၍ အပြင်ထွက် ကုသိုလ်ပြုကြမည့်သူများအနေဖြင့် ညနေ ၃ နာရီနောက်ပိုင်းတွင် ရုတ်တရက်ကျရောက်လာနိုင်သည့် မိုးသက်လေပြင်းနှင့် မိုးကြိုးဘေးကို အထူးသတိပြုရန်လိုအပ်ကြောင်း ဦးဝင်းနိုင်က အကြံပြုထားသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းနေပြည်သူများ ပိုမိုဂရုစိုက်ကြပါရန် နှိုးဆော်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – U Win Naing
ယနေ့ခေတ်

ရခိုင်ကမ်းရိုးတန်းနှင့် အနောက်ဘက်ဒေသများတွင် အားကောင်းသောမိုးတိမ်တိုက်များ ဝင်ရောက်လာနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.