ရန်ကုန်၊ မတ် ၃
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင် ယနေ့ နေ့လယ်ပိုင်း မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ကြောင်း သိရသည်။
မေလ ၃ ရက်၊ နေ့လည် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်နိုင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့အပြင် မိုးတိမ်များအနောက်ဘက်မှ အရှေ့ဘက်ကို ရွေ့လျှားနေခြင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ယခုခန့်မှန်းချက်အရ သက်ရောက်လာနိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းတောင်ပိုင်းတွင် မိုးအနည်းငယ်အသင့်အတင့်ရွာနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် မိုးရွာနိုင်သည့်အလားအလာ အလွန်နည်းနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ ယနေ့ နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – U Win Naing
ယနေ့ခေတ်
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ယနေ့ နေ့လယ်ပိုင်း မိုးရွာမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်