ရန်ကုန်၊ မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ လားရှိုးမြို့တွင် အင်ဗာတာအပူလွန်ကဲရာမှတဆင့် စျေးဆိုင်ခန်းနှင့် ကားနှစ်စီးအပြင် ဆိုင်ကယ်သုံးစီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်
မတ်လ ၁၆ ရက်၊ နံနက် ၁၂ နာရီ၊ မိနစ် ၃၀ ခန့်က လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ္ဘောဇလမ်းတွင် အင်ဗာတာအပူလွန်ကဲရာမှတဆင့် စျေးဆိုင်ခန်းနှင့် ကားနှစ်စီးအပါအဝင် ဆိုင်ကယ်သုံးစီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“အင်ဗာတာကနေမှ အပူလွန်ကဲပြီးလောင်တာဗျ။ ဆိုင်က ကုန်ဆိုင်ဆိုတော့ သူ့ကုန်ပစ္စည်းတွေတော့လောင်သွားတယ်။ အဲ့ဒါအပြင် ကားကနှစ်စီးနဲ့ ဆိုင်ကယ်က သုံးစီးမီးလောင်သွားတယ်။ ဆုံးရှုံးမှုကတော့ မသိရဘူး။ လူထိခိုက်မှုတွေတော့မရှိပါဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည် နံနက် ၁၂ နာရီ၊ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၂ နာရီ၊ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်ကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
လားရှိုးတွင် အင်ဗာတာအပူလွန်ကဲရာမှ စျေးဆိုင်ခန်းနှင့် ကားနှစ်စီး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်