မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင် ဟုဆို

ရန်ကုန်၊ မတ် ၁၆

မေလ ၁၆ ရက်မှ ၁၉ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြီးကာ ရေလျှံမှုများ ရင်ဆိုင်ရနိုင်ကြောင်းကို မိုး/ဇလ ပညာရှင် ဦးဝင်းနိုင်က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြေပြန့်ဒေသများတွင်လည်း မိုးသက်လေပြင်းအန္တရာယ်နှင့် မိုးကြိုးပစ်ခြင်းများကို သတိပြုနေထိုင်ရန် နှိုးဆော်ထားသည်။

မေလ ၁၈ နှင့် ၁၉ ရက်တို့တွင် မိုးတိမ်များ ကုန်းတွင်းသို့ ရွေ့လျားလာပြီး၊ ထို့ရက်များသို့ ရောက်ရှိချိန်တွင် ကုန်းတွင်းပိုင်း၌ CAPE တန်ဖိုးများ အနည်းငယ် ပြန်လည်လျော့ကျသွားသည်ကို တွေ့ရသော်လည်း မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေထုစွမ်းအင်တန်ဖိုးများ ဆက်လက်မြင့်မားနေပြီး၊ ပင်လယ်ပြင်မှ ကုန်းတွင်းသို့ မိုးတိမ်တိုက်များ အဆက်မပြတ် ဝင်ရောက်မည့်အရှိန်ကို ဖော်ပြနေကြောင်း ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း စသည့်နေရာများတွင် မိုးသက်လေပြင်းနှင့် မိုးကြိုးအန္တရာယ်များ အလယ်ပိုင်းတွင် စုစုပေါင်း မိုးရေချိန်ပမာဏမှာ အစိမ်းဖျော့ရောင်စုံ ၂၅ – ၅၀ mm အတွင်းသာရှိပြီး CAPE တန်ဖိုး အလွန်မြင့်မားနေခြင်းကြောင့် မိုးရွာသွန်းပါက သာမန်မိုးရွာခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် လေပြင်းပြင်းထန် ထန် တိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အဆိုပါလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၄၀ ထက်မက တိုက်ခတ်နိုင်ပြီး၊ မိုးကြိုးအကြိမ်ကြိမ်ပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်းဒေသများတွင် အဆောက်အဦးပျက်စီးမှုနှင့် မိုးကြိုးဘေးကို သတိပြုနေထိုင်ရန် နှိုးဆော်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ် လာနိုင်ပြီး၊ ၄ ရက်တာအတွင်း စုစုပေါင်းမိုးရေချိန်မှာ ၂၀၀ mm မှ ၃၅၀ mm ကျော်အထိ (ခရမ်းရောင်ဇုန်များ) ရှိနေသဖြင့် မြေပြင်တွင် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းနှင့် တောင်ကျချောင်းရေများ လျှံတက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-U Win Naing
ယနေ့ခေတ်

မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.