လူသေဆုံးမှုများသော ခရီးသည်တင်ယာဉ်နှင့် ရထားတိုက်မှုအပြီး ယာဉ်မောင်းများကို တရားစွဲဆို

ဘန်ကောက်၊ မေ ၁၇

စနေနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ရထားတိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သော ယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အသက် ၄၆ နှစ်အရွယ် ခရီးသည်တင်ယာဉ်အမှတ်(၂၀၆) ယာဉ်မောင်း ဆာယွမ်ပေါင် ဆန်ကူးနှင့် လမ်ချာဘန်-ဘန်စုး ကုန်တင်ရထားအမှတ် (၂၁၂၆) ၏ ယာဉ်မောင်း လာပစ် သွန်ဘွန်း ၅၆ နှစ်တို့ကို ပေါ့ဆစွာမောင်းနှင်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယမန်နေ့ညနေ ၃ နာရီ ၄၁ မိနစ်တွင် Huai Khwang ခရိုင်ရှိ Asok-Din Daeng လမ်းပေါ်ရှိ မီးရထားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ကုန်တင်ရထားသည် ရထားလမ်းမီးပွိုင့်တွင် ရပ်တန့်ထားသော ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားမီးလောင်ခဲ့ပြီး လူ ၈ ဦးသေဆုံးကာ ၃၂ ဦးဒဏ်ရာရရှိခဲ့ပြီး အခြားယာဉ်များစွာ ပျက်စီးခဲ့သည်။

ဧပြီ ၁၆ ရက်၊ ညနေပိုင်းက မီးရထားလမ်းဆုံ၊ သံလမ်းပေါ်တွင် ယာဉ်များရပ်တန့်နေသောကြောင့် ကားလမ်းပိတ်သည့် မောင်းတံများကို နှိမ့်ချတားဆီး၍မရသောကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချက် ဆစ်တီပန့်က ပြောကြားသည်။ ဥပဒေအရ မော်တော်ယာဉ်များကို ရထားလမ်းဆုံများ၏ ငါးမီတာပတ်လည်အတွင်း ရပ်တန့်ခွင့်မပြုပါ။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်သည် စနေနေ့ ညနေနှောင်းပိုင်းတွင် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ပြီး ရထားလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေကြောင်း ရထားဝန်ထမ်းများက အဘယ်ကြောင့် ရထားမောင်းသူအား သတိပေးခဲ့ခြင်းမရှိသည်ကို မေးမြန်းခဲ့သည်။ အဆိုပါလမ်းပိုင်းသည် အမြဲတစေ ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အပျက်အစီးများကိုရှင်းလင်းကာ ရထားသည် စနေနေ့ညနှောင်းပိုင်းတွင် လမ်းဆုံမှထွက်ခွာသွားခဲ့ပြီး ကားလမ်းနှင့် ရထားလမ်းများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပန်းများချထားသည်။

Ref: bangkokpost.com
ယနေ့ခေတ်

လူသေဆုံးမှုများသော ခရီးသည်တင်ယာဉ်နှင့် ရထားတိုက်မှုအပြီး ယာဉ်မောင်းများကို တရားစွဲဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.