အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ကာ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၂၅ ရက်၊ နံနက် ၉ နာရီကျော်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၃/၆နှင့် ၃၃၃/၇ ကြားတွင် အိမ်စီးကားတစ်စီး ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီး၊ အမျိုးသမီးနှစ်ဦးသေဆုံးကာ ကိုးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့က ကီလိုကျော်တဲ့ကားထဲမှာ အဲ့ကားလည်း ဖမ်းမဲ့အထဲလည်း တွေ့နေရပြီ။ ကီလိုကို ၁၀၀ ကျော်ထိမောင်းလာတာ။ ကားအရှေ့ဘီးကပေါက်သွားတာ။ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးကခြံစည်းရိုးတွေထဲကိုကျသွားတာ။ ကားမောင်းတဲ့အမျိုးသမီးရဲ့ညီမက ခါးပတ်ကြိုးလည်း မပတ်ထားဘူး။ ကားကအရှိန်နဲ့မှောက်တော့ ခြံစည်းရိုးက သံဆူးကြိုးနဲ့ငြိ့ခဲ့တာလားမသိဘူး။ ပွဲချင်းပြီး နေမှာတင်ဆုံးသွားတယ်။ ကိုးနှစ်အရွယ်ကောင်မလေးကတော့ ခေါင်းနဲ့ကျလို့ ဦးခေါင်းကိုထိသွားတာ။ တံတားဦးဆေးရုံးကိုတော့ အချိန်မှီပို့ဆောင်ပေးခဲ့ပါတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူအမျိုးသမီးနှစ်ဦးနှင့် ဒဏ်ရာရရှိသူတို့ကို စကားအင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ နှင့် တံတားဦးမြို့နယ်လူမှုကူညီရေးအသင်းတို့မှ တံတားဦးမြို့ နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းက ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၃၆/၆ တွင် ယာဉ်တိုက်မှုဖြစ်ကာ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ- MFSD
ယနေ့ခေတ်

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.