ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတစ်စီးနစ်မြုပ်ကာ ရှစ်ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ စျေးလာဝယ်သည့် စက်လှေတစ်စီး ပုဏ္ဏားကျွန်းမြို့တွင် ရေနစ်မြုပ်ကာ ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့မှ စျေးလာဝယ်သည့် စက်လှေတစ်စီး၊ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းအတွင်း ကျောက်ဆောင်နှင့်တိုက်မိကာ နစ်မြုပ်ခဲ့ပြီး၊ ရှစ်ဦးသေဆုံးကာ နှစ်ပျောက်ဆုံးနေသေးကြောင်း သိရ သည်။

“သူတို့တွေက ရသေ့တောင် ကူတောင်ရွာကနေပြီးတော့ ကျောက်တော်မြို့ကို စျေးလာဝယ်ကြတာ။ စက်လှေပေါ် မှာ စုစုပေါင်း ၃၀ ကျော်တော့ပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ သိရသလောက်တော့ ကင်းချောင်းနားမှာ ကျောက်ဆောင်နဲ့တိုက်မိတာလို့ပြောတယ်။ စက်လှေက တစ်စီးလုံးမြုပ်သွားတာ။ အသက်ရှင်တဲ့သူလည်းရှိသလို ရေနစ်သေတာတွေလည်းရှိတယ်။ သေဆုံးတာတော့ အမျိုးသမီးများတယ်။ လောလောဆယ် ရှာမတွေ့သေးတဲ့သူတွေလည်းရှိတယ်။ ပျောက်နေတာတော့ နှစ်ယောက်။ သေတာတော့ ရှစ်ယောက်လို့ သိရ တယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေနစ်ပျောက်ဆုံးနေသူနှစ်ဦးကိုလည်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ရေနစ်မြုပ်ခဲ့သည့်စက်လှေကို ပုဏ္ဏာကျွန်းမြို့ရှိ ဒေသခံများနှင့် လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်၊ ညပိုင်းကလည်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စက်လှေတစ်စီးတိမ်းမှောက်ကာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၉ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
ယနေ့ခေတ်

ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတစ်စီးနစ်မြုပ်ကာ ရှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.