ပီရဲရာ၊ ဩဂုတ် ၁၂
ကိုလံဘီယာတွင် ငလျင်ကြောင့် အနည်းဆုံး ၂၄၀ ဦး သေဆုံးပြီး ကိုလံဘီယာစေတနာ့ဝန်ထမ်းများသည် အိမ်ခြေ ၁၀၀ ကျော်နှင့် ရုံးခန်းအဆောက်အအုံများ ပျက်စီးစေခဲ့သောငလျင်မှ အသက်ရှင်ကျန်ရစ်သူများကို အင်္ဂါနေ့တွင် အပျက်အစီးများကြားမှတူးဖော်ကာ ရှာဖွေနေကြသည်။
ကိုလံဘီယာအနောက်ဘက် ကော်ဖီစိုက်ပျိုးရာဒေသနှင့် ပစိဖိတ်ဒေသတစ်လျှောက်ရှိ မြို့အတော်များများတွင် ငလျင်လှုပ်ခတ်ခဲ့ပြီး တနင်္လာနေ့ နံနက် ၇ နာရီ ၃၄ မိနစ် (GMT ၁၂၃၄) တွင် အဆောက်အအုံများ ပြိုလဲခြင်း၊ မျှော်စင်များယိမ်းထိုးခြင်းနှင့် အမိုးများ မြေပြင်ပေါ်သို့လွင့်စင်ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုးရွားဆုံးထိခိုက်ခံရသည့် လူဦးရေငါးသိန်းကျော်ရှိသော ပီရဲရာမြို့တွင် လျှပ်စစ်မီး လုံးဝပြတ်တောက်သွားခဲ့သည်။
အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲငလျင်များကို စိုးရိမ်စိတ်ကြောင့်သော်လည်းကောင်း ၎င်းတို့၏အိမ်များ ပျက်စီးသွားသောကြောင့်သော်လည်းကောင်း ဒေသခံများစွာသည် လမ်းမများပေါ်တွင် ညအိပ်ခဲ့ကြသည်။
“မနေ့ကတည်းက ကျွန်မတို့ဘဝတွေ ဘာဖြစ်မလဲဆိုတာ တွေးနေခဲ့ကြရတယ်” ဟု ပြိုလဲသွားသောရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ်အိမ်ရှင်မ ဂလိုရီယာ ဂျီရယ်လ်ဒိုက AFP သို့ ပြောကြားသည်။
အမေရိကန် ဘူမိဗေဒစစ်တမ်းအရ ပြင်းအား ၇.၄ ရှိသည့်ငလျင်သည် ရာစုနှစ်တစ်ခုအတွင်း ကိုလံဘီယာတွင် အပြင်းထန်ဆုံးငလျင်ဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုဖြစ်သည်။
ဒေသခံအာဏာပိုင်များ၏ စာရင်းဇယားများအရ ဘေးအန္တရာယ်ကြောင့် အနည်းဆုံး လူ ၂၄၀ သေဆုံးပြီး၊ ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီ လာ အက်စ်ပရီရယ်လာသည် ရာထူးတာဝန် စတင်ထမ်းဆောင်ပြီး ရက်အနည်းငယ်အကြာမှာပင် တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
သမ္မတသည် အင်္ဂါနေ့က ပီရီယာသို့ သွားရောက်လည်ပတ်စဉ် ထိခိုက်ခံရသူများအတွက် အိမ်ငှားခထောက်ပံ့ကြေးပေးအပ်မည်ဟု ခေါင်းဆောင်သစ်က ကတိပြုခဲ့သည်။
ဒေသခံအာဏာပိုင်များ၏ အဆိုအရ ကိုလံဘီယာရှိ မြို့ငါးမြို့မှ ဆေးရုံများကို တနင်္လာနေ့တွင် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကယ်လီဖိုးနီးယားတွင် ညမထွက်ရအမိန့် ကြေညာခဲ့သည်။
“ကမ္ဘာပျက်သွားသလို ခံစားရတယ်။ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေက လမ်းတွေမှာမောင်းနှင်နေကြပြီး သူတို့ချစ်ရသူတွေကို ရှာဖွေနေကြတယ်” ဟု စေတနာ့ဝန်ထမ်းကယ် ဆယ်ရေးလုပ်သား နယ်လ်ဆင်မိုရီနိုက ပြောကြားသည်။
တက်တူးပညာရှင် အန်ဒရက်စ် ဟာနန်ဒက်ဇ်က ၎င်း၏မိသားစုနှင့် သူငယ်ချင်းများအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ အဆောက်အအုံများသည် “ပြိုကျတော့မည့်အခြေအနေ” တွင်ရှိနေသောကြောင့် နိုးနိုးကြားကြားနေရမည်ဟု ပြောကြားသည်။
“လူတွေက အဝတ်မပါဘဲထွက်ပြေးကြတယ်။ တစ်ချို့က သူတို့အိမ်တွေရဲ့ ဒုတိယထပ်ကနေ ခုန်ချကြတယ်” ဟု Quibdo ဒေသခံနှင့် ဥပဒေကျောင်းသား Wilmer Cuesta က ပြောကြားသည်။
သွားဆရာဝန် ဂျူလီယံ ပီနာက ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကို ခံစားရပြီးနောက် “ဘာမှမသယ်ဘဲ အပြင်ထွက်ပြေးခဲ့တယ်” ဟု ပြောကြားသည်။ ရာပေါင်းများစွာသောလူများသည်လည်း လှုပ်ခတ်နေခြင်းကို အလားတူထိတွေ့ခဲ့သည်။
ဤပျက်စီးဆုံးရှုံးမှုသည် အိမ်နီးချင်းဗင်နီဇွဲလားတွင် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၆၃၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် နှစ်လမပြည့်မီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ၊ အစ္စရေးနှင့် မက္ကဆီကိုတို့မှ အကူအညီများအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ ထောက်ထားမှုသတင်းစကားများ ရောက်ရှိလာခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် “အလွန်ဝမ်းနည်းကြေကွဲမိပါသည်” “ဤကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသူများ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဘုရားသခင်ထံ ဆုတောင်းပါသည်” ဟု အင်္ဂါနေ့တွင် ဗာတီကန်မှ ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ငလျင်ဒဏ်ခံရသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ကုလသမဂ္ဂသည် “အစိုးရဦးဆောင်သောတုံ့ပြန်မှုကို တောင်းဆိုထားသည့်အတိုင်း ထောက်ခံနေကြောင်း” ပြောကြားသည်။
ဒီ လာ အက်စ်ပရီရယ်လာကို အပြင်းအထန်ထောက်ခံသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အရေးပေါ်အကူအညီအတွက် ဒေါ်လာ ၅.၅ သန်း ပေးအပ်မည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။
Ref: bangkokpost.com
ယနေ့ခေတ်
ကိုလံဘီယာတွင် ငလျင်ကြောင့် ၂၄၀ ဦး သေဆုံး၊ အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားရှာဖွေနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်