ခတ္တမန္ဒူ၊ ဩဂုတ် ၂၆
နီပေါ-တိဘက်နယ်စပ်ရှိ ဘိုတေးကိုရှီမြစ်တွင် ရုတ်တရက်ရေကြီးမှုကြောင့် အနည်းဆုံး နိုင်ငံခြားခရီးသွား ၂၉၁ ဦးအပါအဝင် ခရီးသွားရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရသည်။
နီပေါခရီးသွားဘုတ်အဖွဲ့က ပျောက်ဆုံးနေသူများ၏ ကနဦးစာရင်းတွင် အိန္ဒိယမှခရီးသွား ၅၉ ဦးနှင့် ဗြိတိန်မှ ၁၂ ဦးပါဝင်ကြောင်း ပြောကြားသည်။ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
X တွင် မျှဝေထားသော စာရင်းတစ်ခုတွင် နီပေါခရီးသွားဘုတ်အဖွဲ့က နိုင်ငံခြားသား ၂၉၁ ဦးနှင့် နီပေါနိုင်ငံသား ၉၃ ဦး အပါအဝင် စုစုပေါင်း ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေသည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ဒေသတစ်လျှောက် ခရီးသွားလာသူများ၏ “နေရာနှင့် ဘေးကင်းရေးအခြေအနေ” ကို “အတည်ပြုရန် လုပ်ဆောင်နေ” ကြောင်း ပြောကြားသည်။
နီပေါနိုင်ငံ၏ မြို့တော်ခတ္တမန္ဒူ၏ မြောက်ဘက်ရှိ ရာဆူဝါတွင် ရေကြီးမှုသည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။

နီပေါနိုင်ငံ၊ ကတ္တမန္ဒူမြို့အခြေစိုက် တရုတ်စီးပွားရေးလုပ်ငန်းရှင် Yee Liang က သူ၏ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီသည် ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသတွင် ကွန်တိန်နာထရပ်ကားခုနစ်စီးရှိပြီး ထရပ်ကားတွေအားလုံးတွင် နီပေါဝန်ထမ်းများ တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ သူတို့အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်သွားပါပြီ။ အချက်ပြမှုမရှိတဲ့အတွက် ဘယ်သူ့ကိုမှ ဆက်သွယ်လို့မရပါဘူး” ဟု BBC ကို ပြောသည်။
သိရသလောက်တော့ သတိပေးချက်မရှိဘူးဟု Yee က ပြောသည်။
“မိုးရာသီမှာ အထူးသဖြင့် မြေပြိုမှုများ ရံဖန်ရံခါဖြစ်ပွားခဲ့သော်လည်း ယခုတစ်ခါကတော့ ပိုပြီးဆိုးရွားပုံရပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
တိဘက်အခြမ်းတွင် စီချွမ်ပြည်နယ်မှ Guan Daoxuan က ဗုဒ္ဓဟူးနေ့မနက်နှောင်းပိုင်းက သူ့ဇနီးနှင့်အဆက်အသွယ်ပြတ်တောက်သွားသည်ဟု BBC ကို ပြောသည်။
သူမသည် တိဘက်မှ လမ်းနဲ့တံတားတွေဆောက်လုပ်ရာတွင်ပါဝင်သည့် အစိုးရပိုင်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည်။
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခြင်းကြောင့် နီပေါအာဏာပိုင်များက ရဟတ်ယာဉ်တစ်စင်းစေလွှတ်ကာ စစ်ဆေးရန်ကြိုးစားခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် လေယာဉ်ရောက်ရှိရေး ခက်ခဲနေကြောင်း Guan က ပြောသည်။
Ref: bbc.com
ယနေ့ခေတ်
နီပေါ-တိဘက်နယ်စပ်တွင် ရေကြီးမှုကြောင့် နိုင်ငံခြားသား ၂၉၁ ဦးအပါအဝင် ရာပေါင်းများစွာ ပျောက်ဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်