ရန်ကုန်၊ ဩဂုတ် ၂၈
တိုင်းနှင့် ပြည်နယ်အချို့အတွင် လာမည့် ၂၄ နာရီအတွင်း မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ကာယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း စသည့်နေရာများတွင် လာမည့် ၂၄ နာရီအတွင်း မိုးကြီးနိုင်ကြောင်း မိုး/ဇ ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ စိုင်းခွန်အာကာက ယနေ့ ညနေ ၃ နာရီက လူမှုကွန်ရက်တွင် ရေးသာထားသည်။
ထိုအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလမှ ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလမှ ယနေ့ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။
လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် နေရာစိပ်စိပ်နှင့် မန္တလေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေါက်တာစိုင်းအာကာ
ယနေ့ခေတ်
လာမည့် ၂၄ နာရီအတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်