မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကျင်ပမည်ဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ထားမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂

လာမည့် ဖေဖော်ဝါရီလတွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၇၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း လုံခြုံရေးတိုးမြှင့်ချထားသွားမည်ဖြစ်ကြောင်း ရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ မှ သိရသည်။

ရွှေစက်တော်ဘုရားဝန်ကျင်အနီး အချိန်မရွေးတို က်ပွဲဖြစ်သွားနိုင်သည့်အတွက် လာရောက်ခြင်းမပြုရန် သတိပေးတားမြစ်ချက်များရှိနေသည့်အပေါ် ရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

“လိုင်းပေါ်မှာတော့ သတင်းတွေတတ်လာတာတွေ့တယ်။ ဒါပေမဲ့ ဘုရားပွဲတော်က လုပ်ဖြစ်ပါတယ်။ လုံခြုံရေးကို သေချာလေးလုပ်ထားတယ်။ ဘုရားဖူးပြည်သူတွေ အနှောင့်အ ယှက်မဖြစ်အောင်ပေါ့။ ဒီလိုပဲ တောင်ပြုန်းပွဲကိုလည်း ဘာဖြစ်တယ် ညာဖြစ်တယ် အသံထွက်လာတာပဲလေ။ ဒါပေမဲ့ ကျင်းပသွားနိုင်တာပဲ။” ဟု ရွှေစက်တော်ရာ ဘုရားဂေါပက အဖွဲ့မှ ဥက္ကဌက ယနေ့ခေတ်သို့ ပြောသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (၁၃၈၆ ခုနှစ်၊ တပို့ပွဲလဆန်း ၅ ရက်)မှ ဧပြီလ ၁၇ ရက် (၁၃၈၇ ခုနှစ်၊ နှစ်ဆန်း ၁ ရက်)အထိ ၇၅ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာခရီးသွားပြည်သူများ အဆင်ပြေပြေဖူးမြော်နိုင်ရန် တည်းကျောင်းပေါင်း ၆၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဆောက်လုပ်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။              

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကျင်ပမည်ဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ထားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.