စစ်ဘေး​ရှောင်များအတွက်အလှူခံသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီး

ဘန်​ကောက်၊ ​ဖေ​ဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အနီး စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်တွင် ​ဖေ​ဖော်ဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီက မြန်မာနိုင်ငံရှိ စစ်ဘေး​ရှောင်ဒုက္ခသည်များအ​တွက် အလှူ‌ငွေကောက်ခံနေသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအ​ရေးယူခဲ့​ကြောင်း ​ဖေ​ဖော်ဝါရီ ၁၀ ရက်၊ ​​နေ့စွဲဖြင့် ဘန်​ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရ သည်။

ကထုန့်ဘဲင်မြို့နယ်၊ ဖေ့ကဆင်လမ်းမရှိ ခုံးကျော်တံတားပေါ်တွင် မြန်မာနိုင်ငံရှိ စစ်ဘေး​ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ကူညီရန် အလှူငွေများကောက်ခံနေချိန် ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားမြစ်ခဲ့ပြီး​နောက် ထိုင်းရဲတပ်ဖွဲ့ကို တိုင်ချက်ဖွင့်လှစ်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရ​​ကြောင်း သိရသည်။

“ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ အလှူခံခွင့်မရှိတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ အမြန်ဆုံးလွတ်​မြောက်​ရေးအတွက် ကြိုးပမ်း​ဆောင်ရွက်​နေပါတယ်။” ဟု မြန်မာအလုပ်သမားအရေး ကူညီလုပ်ကိုင်ပေးနေသူ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ​ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ နှိမ်နင်းနိုင်ရေး ထိုင်းအာဏာပိုင်များက နယ်စပ်လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်နေခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်လာသူ မြန်မာနိုင်ငံသားများ နေ့စဉ်ဖမ်းဆီးခံ​နေရ​ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း ဝင်​ရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ​ရွှေ​ပြောင်းလုပ်သားများကို ပစ်မှတ်ထားကာဖမ်းဆီး​နေသည်ဟု မြန်မာအလုပ်သမားအရေး ကူညီလုပ် ကိုင်ပေးနေသူ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သတိ​ပေး​ပြောဆိုသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ဘန်​ကောက်ပို့စ်

#ယနေ့ခေတ်

စစ်ဘေး​ရှောင်များအတွက်အလှူခံသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.