အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ကထုန့်ဘဲင်မြို့နယ်၊ ဖေ့ကဆင်လမ်းမရှိ ခုံးကျော်တံတားပေါ်တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ကူညီရန် အလှူငွေများကောက်ခံနေချိန် ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားမြစ်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ကို တိုင်ချက်ဖွင့်လှစ်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အုန်းနွဲ့၊ အုန်းယိုင်နယ်မြေ၊ ဖိကဆင်ကားလမ်းမကြီးရှိ သံစက်ရုံအနီးတွင် အထောက်အထားအပြည့်အစုံရှိသော မြန်မာလုပ်သား ၃၀၀ ခန့်က နေထိုင်ခွင့် နှစ်နှစ်သက်တမ်းတို့ခ ဈေး နှုန်းလျှော့ချပေးရန် ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက အလုပ်မဝင်မီ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြရာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။