နခွန်ရာဇီမာ၊ မေ ၂၃
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ရှိ အမှိုက်စွန့်ပစ်ရာနေရာတွင် အသက် ၃၅ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းဆယ်ကျော်သက်လေးဦးကို ဖမ်းဆီးခဲ့သည်။
ယနေ့ညနေပိုင်းတွင် မြောင်ခရိုင်ရှိ သနွန်ချီရာရထားလမ်းအနီးတွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မြောင်ခရိုင်ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲမှူးကြီး စီရီချိုင်း စီရီချိုင်းပန်ညာက ပြောကြားသည်။ သံသယရှိသူ ထိုင်းလေးဦးသည် အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားရှိသူများဖြစ်သည်။
အောင်ဇော်ဟုအမည်ရသော ဓားထိုးခံရသူသည် သွေးအိုင်ထဲတွင် ဓားဒဏ်ရာဖြင့်လဲကျနေပြီး ၎င်း၏အိတ်ကိုကိုင်ထားကာ အကူအညီတောင်းခံနေစဉ် တွေ့ရှိခဲ့သည်။ ရာဇဝတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံများအမှိုက်ပစ်သည့်နေရာဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် စွန့်ပစ်ထားသော ဆိုဖာတစ်လုံးရှိသည်။
ဓားထိုးခံရသူကို မဟာရတ် နခွန်ရာဇီမာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် သေဆုံးသွားကြောင်း ရဲမှူးကြီး စီရီချိုင်းက ပြောကြားသည်။
ပြစ်မှုတွင် အသုံးပြုခဲ့သော ၁၄ စင်တီမီတာရှည်သော ဓားတစ်ချောင်းနှင့်အတူ သံသယရှိသူလူငယ်လေးဦးကို ဖမ်းဆီးခဲ့သည်။
ပါပန်ကွန်းဟု အမည်ရသော အသက် ၁၉ နှစ်အရွယ် သံသယရှိသူတစ်ဦးက အောင်ဇော်ကို ဓားဖြင့်ထိုးခဲ့သည်ဟု ရဲများကို ပြောကြားသည်။ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးနှစ်ယောက်က ၎င်းကို ကန်ကျောက်ခဲ့သည်ဟုပြောပြီး၊ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဦးထုပ်နှင့်ရိုက်ခဲ့ကြောင်း ပြောသည်။
ရဲမှူးကြီး စီရီချိုင်းက အကြီးဆုံး သံသယရှိသူသည် ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ပြီးခဲ့သည့်လက ထောင်မှလွတ်မြောက်လာခဲ့သူဖြစ်သည်ဟု ဆိုသည်။ တခြားသံသယရှိသူများမှာ ရာဇဝတ်မှုမှတ်တမ်း မရှိသူများဖြစ်သည်ဟု ပြောကြားသည်။
Ref: bangkokpost.com
ယနေ့ခေတ်
မြန်မာလုပ်သားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်လေးဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်