မန္တလေးမှ Cowboy Music Bar မီးလောင်မှုဖြစ်ပွား လေးဦးသေဆုံး

ရန်ကုန်၊ မေ ၂၈

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ Cowboy Music Bar မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ (မေ ၂၈) နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်းအမျိုးသမီးလေးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ နယ်မြေခံမီးသတ်က သွားငြိမ်းတာ။ ဆယ်မိနစ်လောက်ကြာတော့ မီးထိန်းနိုင်ခဲ့တယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို သေချာမသိသေးဘူး။ စစ်နေတုန်း။ ဆုံးရှုံးမှုတန်ဖိုးကတော့ ပြီးမှပြောလို့ရမယ်။ မီးခိုးမွှန်ပြီး သေဆုံးတာပါ” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ခဲ့သည့် Cowboy Music Bar ကို ငလျင်ကြောင့်ပိတ်ထားရခြင်းဖြစ်ပြီး ငလျင်လှုပ်အပြီး နှစ်လအကြာတွင် ပြန်ဖွင့်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့မှ ငလျင်ဒဏ်ထိထားသည့် အဆောက်အဦများသည် မိုးသည်းထန်စွာရွာသွန်မှုများကြောင့် ပြို ကျပျက်စီးမှုများ ထပ်မံဖြစ်ပေါ်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Than Htay

#ယနေ့ခေတ်

မန္တလေးမှ Cowboy Music Bar မီးလောင်မှုဖြစ်ပွား လေးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.