စစ်အုပ်ချုပ်ရေးနောက်ပိုင်း တောင်ကိုရီးယား၏ အစောပိုင်းမဲပေးမှု စံချိန်တင်

ဆိုးလ်၊ မေ ၃၀

ခေါင်းဆောင်ဟောင်း၏ ဆိုးရွားသောစစ်အုပ်ချုပ်ရေးကြေညာမှုနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံသားများသည် သောကြာနေ့တွင် ၎င်းတို့၏သမ္မတကို မဲပေးရွေးချယ်ရန်အတွက် စံချိန်တင်အရေအတွက်ဖြင့် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

သမ္မတဟောင်း ယွန်းဆက်ယိုသည် အရပ်သားအုပ်ချုပ်ရေးကို ဆိုင်းငံ့လိုက်ခြင်းကြောင့် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများအောက်တွင် တိုင်းပြည်သည် လပေါင်းများစွာရုန်းကန်နေခဲ့ရသည်။

ထိုအချိန်မှစ၍ အာရှဒီမိုကရေစီနိုင်ငံ၏ ပို့ကုန်ဦးစားပေး စီးပွားရေးသည် ပြည်ပကုန်သွယ်ရေး မတည်ငြိမ်မှုများနှင့် အိမ်တွင်းဝယ်လိုအား နှေးကွေးမှုများဖြင့် ရုန်းကန်နေခဲ့ရသည်။

အဓိကစစ်တမ်းများအရ လစ်ဘရယ်ပါတီခေါင်းဆောင် လီဂျေးမြုံသည် သမ္မတရွေးကောက်ပွဲတွင် ဦးဆောင်သူအဖြစ် ရှင်းရှင်းလင်းလင်းသတ်မှတ်ခံထားရပြီး မကြာသေးမီကပြုလုပ်သည့် Gallup စစ်တမ်းတွင် ဖြေဆိုသူ ၄၉% က ၎င်းအား အကောင်းဆုံးသမ္မတလောင်းအဖြစ် ယူဆထင်မြင်ခဲ့သည်။ ၃၅ ရာခိုင်နှုန်းမှာ သူ့နောက်ကိုလိုက်နေသည့် ကွန်ဆာဗေးတစ် အလုပ်သမားဝန်ကြီးဟောင်း ကင်မ်မွန်းဆိုးဖြစ်သည်။ ၎င်းသည် ယခုလတွင်ထွက်ခွာသွားသော အာဏာရ People Power ပါတီမှဖြစ်သည်။

ရွေးကောက်ပွဲနေ့ကို ဇွန်လ ၃ ရက်အထိ သတ်မှတ်ထားသော်လည်း စောစီးစွာမဲပေးလိုသူများကို ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ခွင့်ပြုထားသည်။

မှတ်ပုံတင်ထားသည့် မဲပေးသူ ၄၄.၄ သန်း၏ စံချိန်တင် ၂၄.၅ ရာခိုင်နှုန်းသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မဲပေးခဲ့ကြသည်ဟု အမျိုးသားရွေးကောက်ပွဲကော်မရှင်က ပြော သည်။

“စောစောစီးစီးမဲပေးဖို့ ဒီလောက်အကြာကြီးစောင့်စရာမလိုဘူး” ဟု ဆိုးလ်မြို့ Jongno ခရိုင်တွင်နေထိုင်သည့် Park Seung-hee ကဆိုသည်။

အသက် ၃၈ နှစ်အရွယ်ရှိသူက တစ်နာရီနီးပါးစောင့်ဆိုင်းခဲ့ရသော်လည်း ၎င်းသည်ထိုက်တန်သည်ဟု AFP ကိုပြောကြားသည်။ “စစ်အုပ်ချုပ်ရေးဥပဒေက ခေါင်းဆောင်ကောင်းကိုရွေးချယ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြသခဲ့တယ်။ ပြီးတော့ တခြားသူတွေလည်း ဒီလိုပဲခံစားရတယ်လို့ ထင်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

မဲရုံများတွင် ရှည်လျားစွာတန်းစီနေရခြင်းကြောင့် အမျိုးသားရွေးကောက်ပွဲကော်မရှင်က တောင်းပန်ခဲ့ပြီး လူပြည့်ကျပ်မှုလျှော့ချရန်နှင့် စောင့်ဆိုင်းချိန်များ လျှော့ချရန်အတွက် ဝန် ထမ်းများပိုမိုခန့်ထားရန် ကတိပြုခဲ့သည်။

ဆိုးလ်မြို့၊ ဂန်းနမ်ခရိုင်တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် Kim Min-gyu က “လူတွေက သူတို့ရဲ့နှလုံးသားနဲ့မဟုတ်ဘဲ သူတို့ရဲ့ဦးခေါင်းနဲ့ မဲပေးဖို့လိုမယ်ထင်တယ်ဟု ဆိုသည်။ ယခင်အပတ်က မဲပေးခွင့်ရှိသူ ၁.၉၇ သန်း၏ ၇၉.၅ ရာ ခိုင်နှုန်းသည် ပြည်ပတွင်မဲပေးမှုအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

တောင်ကိုရီးယား၏ လုံခြုံရေးအတွက်အာမခံသူ အမေရိကန်နှင့် ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်တို့ကြားတွင် တိုးလာနေသည့် စူပါပါဝါထိပ်တိုက်ရင်ဆိုင်မှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် သမ္မတရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အဆုံးအဖြတ်ပေးသည့်အရာအဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

Sookmyung Women’s University မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Kang Joo-hyun က AFP သို့ ပြောကြားရာတွင် မဲ ပေးသူအရေအတွက် များပြားခြင်းသည် တောင်ကိုရီးယားတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရန် လူထု၏ပြင်းပြသောဆန္ဒကို ထင်ဟပ်စေသည်” ဟုဆိုသည်။

“တောင်ကိုးရီးယားဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေ ယိမ်းယိုင်နေတယ်ဆိုတဲ့ခံစားချက်ကြောင့် မဲပြားကနေတဆင့် သူတို့ရဲ့အသံတွေကို ကြားအောင်လုပ်ဖို့ ကြိုးစားခဲ့ရပါတယ်” ဟု Kang က ပြောကြားခဲ့သည်။

Seoul National University မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Kang Won-taek က တောင်ကိုရီးယား၏ နိုင်ငံရေးမပြေလည်မှုများသည် ပြီးဆုံးရန် ဝေးသေးကြောင်း သတိပေးခဲ့သည်။

“ကျနော်တို့တွေ့ခဲ့ရတဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ အကျပ်အတည်းတွေ ပြန်လည်ပေါ်ပေါက်လာနိုင်ချေရှိပါတယ်” ဟု Kang က ဆိုသည်။

Ref: Bangkok Post

#ယနေ့ခေတ်

စစ်အုပ်ချုပ်ရေးနောက်ပိုင်း တောင်ကိုရီးယား၏ အစောပိုင်းမဲပေးမှု စံချိန်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.