ရန်ကုန်၊ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ သစ္စာလမ်းတွင် မေ ၃၁ ရက်၊ နံနက် ၆ နာရီ ၃၈ မိနစ်က မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၊ သစ္စာလမ်းရှိ သွပ်မိုး၊ ပျဥ်ကာ နှစ်ထပ်အိမ်တစ်လုံး မီးစတင်လောင်ကျွမ်းမှုကြောင့် ဘေးရှိ နေအိမ်နှစ်လုံးကို ကူးစက်မှုဖြစ်ပြီး၊ ကားဝင်ရန်ခက်ခဲခြင်းကြောင့် မီးလောင်မှုကို နာရီဝက်ခန့်ကြာ ငြိမ်းသတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
“ ကားဝင်လို့မရတဲ့လမ်းမှာ မီးလောင်တာပါ။ မီးလောင်မှုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေဆဲပါ။ မီးလောင်မှုကြောင့် ဘေးနေအိမ်နှစ်လုံးလဲ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးက စစ်ဆေးနေဆဲပါ” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ (၁၁)ရပ်ကွက်၊ သစ္စာလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့ နှင့် ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ထွက်ခွာငြိမ်းသတ်ခဲ့ရာ Level-1 အဆင့်ဖြင့် ငြိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – MFSD
#ယနေ့ခေတ်
ရန်ကင်းတွင် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်