ထိုင်းပင်လယ်ပြင်တွင် မြန်မာသင်္ဘောနစ်မြုပ်ပြီးနောက် ဖူးခက်ပန်းခြံမှ သန္တာကျောက်တန်းများအခြေအနေကို စိုးရိမ်နေ

ဖူးခက်၊ ဇွန် ၂

မြန်မာနိုင်ငံမှသင်္ဘောတစ်စီး မူးကိုဆူရင်အနီးတွင် နစ်မြုပ်သွားခြင်းကြောင့် အမျိုးသားဥယျာဉ်မှ သန္တာကျောက်တန်းများ ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

အန်ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ကွပ်ကဲသည့် ထိုင်းရေကြောင်းကွပ်ကဲမှုဗဟိုဌာနက အဏ္ဏဝါဥယျာဉ်မှ ရေငုပ်သမားများနှင့် ထိုင်းတော်ဝင်ရေတပ်တို့ကို မြန်မာကုန်တင်သင်္ဘော ဧရာလင်း နစ်မြုပ်ရာဒေသရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန် တနင်္လာနေ့က စေလွှတ်ထားကြောင်း သိရသည်။

သင်္ဘောအမှုထမ်းခုနစ်ဦးပါရှိသော မြန်မာအလံတင်ရေယာဉ်သည် လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ကာ ကြာသပတေးနေ့က ရနောင်းခရိုင်ရှိ ဆိပ်ခံတံတားမှထွက်ခွာခဲ့သည်။ အဆိုပါသင်္ဘောသည် ကော့သောင်းမြို့တွင် ရပ်နားပြီးနောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ အဆိုပါရေယာဉ်သည် လမ်းခရီးတွင် သင်္ဘောအတွင်းပိုင်းသို့ ရေများစိမ့်ဝင်လာသည်ကို ဝန်ထမ်းများကတွေ့ရှိသဖြင့် သင်္ဘောကို အနီးဆုံးကမ်းခြေသို့မောင်းနှင်ရန် ရေယာဉ်မှူး ဦးအောင်ငွေစိုးက ညွှန်ကြားခဲ့သည်။

တန် ၁၀၀ သင်္ဘောသည်မျောပါခဲ့ကာ မူးကိုဆူရင်မြောက်ဘက်ရှိ ဂျက်ပင်လယ်အော်တွင် သောင်တင်ခဲ့ပြီး နောက်ဆုံးတွင် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

သင်္ဘောပေါ်တွင် ဒီဇယ်လီတာ ၇,၇၀၀ ကို သယ်ဆောင်လာသော်လည်း ပင်လယ်ထဲသို့ ယိုစိမ့်ခြင်းမရှိကြောင်း ထိုင်းရေကြောင်းကွပ်ကဲမှုဗဟိုဌာနက ပြောကြားသည်။

ပင်လယ်ကြမ်းပြင်ပေါ်တွင် နစ်မြုတ်နေသောသင်္ဘောကြောင့် သန္တာကျောက်တန်များ ပျက်စီးသွားမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်လျှက်ရှိသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ထိုင်းပင်လယ်ပြင်တွင် မြန်မာသင်္ဘောနစ်မြုပ်ပြီးနောက် ဖူးခက်ပန်းခြံမှ သန္တာကျောက်တန်းများအခြေအနေကို စိုးရိမ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.