ရန်ကုန်၊ ဇွန် ၂
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျောက်ပန်းတောင်းလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ကာ ၆ ဦးသေဆုံးပြီး၊ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၂ နာခွဲခန့်က မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊ ဖလန်းကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး၊ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားက ဘယ်လိုမှောက်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ကားပေါ်မှာ ဘယ်နှစ်ယောက်ပါတယ်ဆိုတာလည်း မသိရဘူး။ ဒဏ်ရာရတာနဲ့ သေဆုံးတာပဲသိရတယ်။ သေဆုံးတာက ကလေးတစ်ယောက်ပါတယ်။ စုစုပေါင်း ၆ ယောက်သေဆုံးတယ်။ ဒဏ်ရာရတာ ၁၁ ယောက်ဗျ။ ဒီနေ့မနက်အထိတော့ မိသားစုတွေနဲ့အဆက်အသွယ်ရတာတော့ မရှိသေးဘူး။” ဟု ဒေသခံလူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ မှ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း
#ယနေ့ခေတ်
မိတ္ထီလာမြို့တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်