စင်္ကာပူ၊ ဇွန် ၄
အာဆီယံ ၁၀ နိုင်ငံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) နှင့် တီမောလက်စ်တီနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် အထူး Multiple-entry “ASEAN Visa” ကို တရုတ်နိုင်ငံက စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ဝ ရက်တွင် ကြေညာခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ဖြစ်သည်။
တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်သည့် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏အိမ်ထောင်ဖက်များနှင့် သားသမီးများနှင့်အတူ အာဆီယံဗီဇာပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ဤဗီဇာသည် ငါးနှစ်အတွင်း အကြိမ်ရေအများအပြား ဝင်ထွက်ခွင့်ရှိပြီး တစ်ခေါက်စီတွင် ရက်ပေါင်း ၁၈၀ အထိနေထိုင်နိုင်သည်။
တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား မကြာခဏလာရောက်လည်ပတ်မှုများနှင့်အတူ အဆိုပါအစီအစဉ်သစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အာဆီယံဗီဇာအစီအစဉ်သစ်သည် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ရှိ ဗီဇာကင်းလွတ်ရေးသဘောတူညီချက်များတွင် ပါဝင်သည်။
စင်္ကာပူနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများသည် ဗီဇာကင်းလွတ်ခရီးသွားလာမှုအစီအစဉ်များသည် ယမန်နှစ် ဖေဖော်ဝါရီလတွင် စတင်အသက်ဝင်ခဲ့သည်။ သဘောတူညီချက်အ ရ ရက်ပေါင်း ၃၀ အထိ အပြန်အလှန် ဗီဇာကင်းလွတ်သော ခရီးသွားအစီအစဉ်များကို လက်ရှိတွင် အကောင်အထည်ဖော်ပြီးဖြစ်သည်။
မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများသည်လည်း တရုတ်နိုင်ငံနှင့် အလားတူဗီဇာကင်းလွတ်သော ခရီးသွားအစီအစဉ်များကို နှစ်သက်ကြသည်။
လန်ချန်-မဲခေါင် ဗီဇာအစီအစဉ်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များကို အများဆုံးရက်ပေါင်း ၁၈၀ ကို မျိုးမျိုးသောဗီဇာပုံစုံများဖြင့် ငါးနှစ်ကြာပြည်ဝင်ခွင့်ပေးထားသည်။
ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်ရန်အတွက် တရုတ်နိုင်ငံသည် နိုင်ငံအများအပြားနှင့် ဗီဇာကင်းလွတ် ခရီးသွားအစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူးနှင့် ဥရုဂွေးတို့အပါအဝင် လက်တင်အမေရိကနိုင်ငံများမှ နိုင်ငံသားများအား တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ပေးသည့် စမ်းသပ်မူဝါဒကို ဇွန်လ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့ သည်။
ပေကျင်းသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများအားလုံးသို့ ဗီဇာကင်းလွတ်ခွင့်ကို မကြာသေးမီက ထုတ်ပေးခဲ့သည်။
ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၉ သန်းကျော်လာရောက်ခဲ့ပြီး၊ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းကျော် တိုးလာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“ တရုတ်ပြည်ဝင်ခွင့်မူဝါဒတွေကို ဆက်လက်မြှင့်တင်ပြီး ဗီဇာကင်းလွတ်တဲ့စာရင်းမှာ နိုင်ငံတွေထပ်ထည့်သွားမှာပါ၊ ကျွန်တော်တို့ရဲ့ အကောင်းဆုံးနဲ့ မတူကွဲပြားတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို တွေ့ကြုံခံစားနိုင်စေဖို့ တရုတ်နိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားမိတ်ဆွေတွေ ပိုမိုများပြားလာစေဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားသည်။
Ref: Channel News Asia
#ယနေ့ခေတ်
အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တရုတ်နိုင်ငံသို့ ဗီဇာမလိုဘဲသွားရောက်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်