အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
တရုတ်နိုင်ငံသားများကို ဆွဲဆောင်ပြီး လိမ်လည်လှည့်ဖြားသည့် ပြည်ပအဖွဲ့အစည်းများသို့ ရောင်းချခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံအခြေစိုက် လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးကို ရှန်ဟိုင်းတရားရုံးတွင် တရားစွဲဆိုထားကြောင်း အစိုးရရှေ့နေများက သြဂုတ် ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးက ငွေသား၊ ရွှေလက်ဝတ်ရတနာ၊ အဆောက်အဦများပါသည့် မြေကွက်များနှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအပါအဝင် နောက်ထပ်ပိုင်ဆိုင်မှု ၄၃၁ ခုကို သိမ်းဆည်းရန် ငွေကြေးလွှဲပြောင်းရေးကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်။