တီဟီရန်၊ ဇွန် ၂၂
အီရန်နိုင်ငံ၏ အဓိကနျူကလီးယားစက်ရုံများကို အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ရေဒီယိုသတ္တိကြွအန္တရာယ် အရိပ်အယောင်များ မတွေ့ရကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဘေးကင်းရေးအကဲဖြတ်ချက်များအရ ပစ်မှတ်ထားသောနေရာများတွင် ဓာတ်ရောင်ခြည်ယိုစိမ့်မှု မရှိခဲ့ကြောင်း အီရန်နျူကလီးယားစွမ်းအင်အဖွဲ့အစည်းက အများပြည်သူအား အာမခံခဲ့သည်။
“အမျိုးသားစက်မှုလုပ်ငန်း” ဟု ရည်ညွှန်းသော နိုင်ငံ၏နျူကလီးယားအစီအစဉ်ကို တိုက်ခိုက်မှုများကြား ရပ်တန့်မည်မဟုတ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုစွပ်စွဲကာ အီရန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် တရားဥပဒေအရ အရေး ယူဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဟု အေဂျင်စီက ပြောကြားသည်။
တိုက်ခိုက်မှုများကို ရှုတ်ချရန်နှင့် အီရန်၏ ငြိမ်းချမ်းသောနျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးကို ထောက်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တာဝန်ရှိသူများက တောင်းဆိုခဲ့သည်။
အီရန်နျူကလီးယား ဘေးကင်းရေးဌာနအကြီးအကဲ Mohammad Reza Kardan က အမေရိကန်နှင့် အစ္စရေးတို့၏တိုက်ခိုက်မှုကို “မကြုံစဖူး ရာဇဝတ်မှု” ဟု ခေါ်ဆိုခဲ့သော်လည်း နျူကလီးယားစက်ရုံများတွင် တက်ကြွသောဓာတ်ရောင်ခြည်ညစ်ညမ်းမှုမရှိကြောင်း ပြောကြားသည်။
“ ဇီယွန်ဝါဒီအစိုးရလုပ်ခဲ့တာတွေ၊ အမေရိကန်စစ်အစိုးရရဲ့ ဒီနေ့အစောပိုင်းမှာလုပ်ခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာလုပ်ရပ် ကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ကံမကောင်းစွာပဲ၊ (အဲဒီနျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခံ ခဲ့ရတာပါ။) ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကို သေချာစေဖို့အတွက် ကျွန်တော်တို့ အရင်လုပ်ဆောင်ခဲ့တဲ့ခြေလှမ်းတွေကြောင့် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပါတယ်။ ဒီရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုမျိုးကြားကပဲ ကျွန်ုပ်တို့မှာ ဓာတ်ရောင်ခြည်ညစ်ညမ်းမှု သို့မဟုတ် ဓာတ်ရောင်ခြည်သင့်မှု မရှိခဲ့ပါဘူးဟု Kardan က ပြောသည်။
အီရန်နိုင်ငံရှိ အဓိကနျူကလီးယားစခန်းသုံးခုဖြစ်သည့် Fordow, Natanz နှင့် Esfahan တို့ကို စနေညနှင့် တနင်္ဂနွေနေ့တွင် အမေရိကန်တပ်ဖွဲ့များက လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
အဆိုပါစစ်ဆင်ရေးသည် အမေရိကန်လေတပ်၏ B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ ဖြန့်ကျက်ချထားခြင်းပါဝင်ပြီး စစ်ဘက်၏ အဆင့်မြင့်ဆုံးဗျူဟာမြောက် အစီအ စဉ်များထဲမှ တစ်ခုဖြစ်သည်။
ထရန့်က အဆိုပါတိုက်ခိုက်မှုသည် အီရန်၏နျူကလီးယားအစီအစဉ်၏ ဗဟိုချက်ဖြစ်သော Fordow စက်ရုံကိုဖျက်ဆီးပစ်ခဲ့သည်ဟု အခိုင်အမာဆိုကာ အဆိုပါတိုက်ခိုက်မှုကို “အလွန်အောင်မြင်သောတိုက်ခိုက်မှု” အဖြစ် ဖော်ပြခဲ့သည်။ “ Fordow ပျက်စီးသွားပြီ” ဟု ထရမ့်ကပြောသည်။
B-2 ဗုံးကြဲလေယာဉ်သည် အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲရန်နှင့် အားကောင်းသည့် တိကျစွာလမ်းညွှန်ထားသည့် အထူးဒီဇိုင်းဖြင့်ထုတ်ထားပြီး အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကဲ့သို့ ခိုင်ခံ့ပြီး နက်ရှိုင်းစွာကာကွယ်ထားသော နေရာများကို ပစ်မှတ်ထားရန် သင့်လျော်သည်ဟု ဆိုသည်။
Ref: indiatoday.in
#ယနေ့ခေတ်
အမေရိကန်က ၎င်း၏နျူကလီးယားစခန်းများကို တိုက်ခိုက်ပြီးနောက် အဆိပ်အတောက်မရှိ၊ အန္တရာယ်မရှိဟု အီရန်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်