အီးယူခေါင်းဆောင်များသည် ပိတ်ဆို့အရေးယူမှုများ၊ အခွန်စည်းကြပ်မှုများနှင့် အရှေ့အလယ်ပိုင်းမူဝါဒများကို ဘရပ်ဆဲလ်တွင်ဆွေးနွေးမည်

ဘရပ်ဆဲလ်၊ ဇွန် ၂၆

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ အကြီးအကဲများသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်များကို တားဆီးရန်နည်းလမ်းများနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများတွင် ၎င်းတို့၏ရပ်တည်ချက်များနှင့်ပတ်သက်ပြီးဆွေးနွေးရန် ဘရပ်ဆဲလ်တွင် တွေ့ဆုံမည်ဖြစ်သည်။

ခေါင်းဆောင်အများစုသည် နေတိုးထိပ်သီးအစည်းအဝေးမှ ကြာသပတေးနေ့တွင် ဘရပ်ဆဲလ်သို့ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းတို့သည် နေတိုးအစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ်ကို ကြီးကြီးမားမားတိုးမြှင့်မည်ဟုကတိပြုကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်းတို့၏ကွဲလွဲမှုအချို့ကို အဆုံးသတ်နိုင်ခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးသည် ဗုဒ္ဓဟူးနေ့တွင် သမ္မတထရမ့်နှင့်တွေ့ဆုံပြီးနောက် အီးယူထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ဖြစ်သည်။

အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ယခုသီတင်းပတ်အတွင်း ယူကရိန်းကို ထိပ်တန်းဦးစားပေးအဖြစ်မှ အဘက်ဘက်မှအဆင့်လျှော့ချလိုက်သော်လည်း ယူကရိန်းတွင် ရုရှား၏စစ်ပွဲသည် အီးယူအတွက် အဓိကစိုးရိမ်စရာဖြစ်နေဆဲဖြစ်သည်။

အီးယူအဖွဲ့ဝင်များသည် ရုရှားအပေါ် အလားအလာရှိသော (၁၈) ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများနှင့် ရုရှားရေနံစျေးနှုန်းကို ကန့်သတ်ထားရန်ရှိ/မရှိ ဆွေးနွေးကြမည်ဖြစ်ပြီး၊ နိုင်ငံအချို့က စွမ်းအင်စျေးနှုန်းများ မြှင့်တင်နိုင်သောကြောင့် ဆန့်ကျင်သည့်အစီအမံများကို ဆွေးနွေးကြမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် အီးယူနိုင်ငံများပေါ် အခွန်စည်းကြပ်မှုဖြင့် ထရမ့်၏ခြိမ်းခြောက်မှုကို အဖွဲ့ဝင် ၂၇ နိုင်ငံလုံးကိုယ်စား ကုန်သွယ်ရေးသဘောတူညီချက်များကို စေ့စပ်ညှိနှိုင်းရန် အီးယူကလိုလားသည်။

ကာကွယ်ရေးအတွက် အသုံးစရိတ်ပိုမပေးသည့်အတွက် ထရမ့်က ဗုဒ္ဓဟူးနေ့တွင် စပိန်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး စည်းကြပ်ခွန်များထပ်မံကောက်ခံရန် အကြံပြုခဲ့သည်။

ပြင်သစ်သမ္မတသည် ကာလရှည်ကြာမဟာမိတ်များနှင့် ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့ခြင်းအတွက် ထရမ့်ကိုဝေဖန်ခဲ့သည်။

ဥရောပခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းစစ်ပွဲများမှ ဆုတ်ယုတ်ကျဆင်းလာမည်ကို စိုးရိမ်နေပြီး၊ အီးယူသည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သံတမန်ရေးရာညှိနှိုင်းမှုများကို ပြန်လည်အသက်သွင်းရန် တွန်းအားပေးလျက်ရှိသည်။

အီးယူအဖွဲ့ဝင်များအတွင်း သဘောထားကွဲလွဲမှုများကို ကျော်လွှားရန်။ ဂါဇာကမ်းမြောင်စစ်ပွဲတွင် အစ္စရေးအပေါ် ထားရှိသော ဥရောပမူဝါဒနှင့်ပတ်သက်၍ ၎င်းတို့လုပ်ဆောင်ရမည့်အရာအပေါ် သဘောထားကွဲလွဲလျက်ရှိသည်။

လက်ဝဲယိမ်းပါတီများသည် ဥရောပသမဂ္ဂကို ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ကဏ္ဍများတွင် ဦးဆောင်မှုနေရာမှထွက်ခွာပြီး စစ်ဘက်ဆိုင်ရာရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးရန် ဥရောပကော်မရှင်နာ Ursula von Der Leyen အား တိုက်ခိုက်လျက်ရှိသည်။

ကာကွယ်ရေးနှင့် လုံခြုံရေးသည် အစီအစဉ်တွင် ထိပ်ဆုံးမှပါဝင်ဖွယ်ရှိသည်။ ထိပ်သီးအစည်းအဝေးသည် လာမည့်လေးလအတွက် အစုအဖွဲ့၏လုပ်ငန်းစဉ်များကို သတ်မှတ်ပေးမည့် နိဂုံးချုပ်ထုတ်ပြန်ချက်နှင့်အတူ ပြီးဆုံးမည်ဖြစ်သည်။

Ref: Al Jazeera

#ယနေ့ခေတ်

အီးယူခေါင်းဆောင်များသည် ပိတ်ဆို့အရေးယူမှုများ၊ အခွန်စည်းကြပ်မှုများနှင့် အရှေ့အလယ်ပိုင်းမူဝါဒများကို ဘရပ်ဆဲလ်တွင်ဆွေးနွေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.