ကျောက်မဲမြို့တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေ

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲမြို့တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရ သည်။

ဇွန်လ ၂၄ ရက်က ကျောက်မဲမြို့တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် တကျောပြန်တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့သည် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများအတွက် အဓိကကျသည့်နေရာဖြစ်ကြောင်း သိရသည်။

“အခုရက်ပိုင်းက နောက်ချိုမှာ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေတာ။ သူ့ရဲ့လမ်းကြောင်းက နောင်ချိုအဓိကပဲဆိုတော့ အများခန့်မှန်းချက်အရ အခန့်မသင့်လို့ လက်နက်ကိုင်အဖွဲ့တွေက နောက်ဆုပ်ပေးရမယ်ဆိုရင် သေချာပေါက် ကျောက်မဲကိုရောက်လာမှာပဲ။ ကျောက်မဲမြို့က အဓိကျတဲ့နေရာဖြစ်နေတာ။ ကျောက်မဲကနေမှ မိုးကုတ်သွားရတာနီးတယ်။ မိုင်းလုံသွားရတာနီးတယ်။ အဘက်ဘက်ကနေ တောင်ပေါ်ဒေသကိုသွားရနီးတယ်။ ကုန်စည်စုဆောင်းတဲ့နေရာလည်းဖြစ်တာမို့လို့ ဒုတိယအကြိမ်တိုက်ပွဲဖြစ်မှာကို စိုးရိမ်ရတာပေါ့နော်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျောက်မဲမြို့တွင် လေးကြောင်တိုက်ခိုက်မှု နှစ်ကြိမ််ဖြစ်ပေါ်ခဲ့ပြီးနောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခဲ့ကြောင်း သိရသည်။

“လေးကြောင်းကနေ နှစ်ကြိမ်ပစ်တာ။ အခုဆို ဖုန်းလိုင်းတွေက မရတော့ဘူး။ အင်တာနက်လိုင်းကနေပဲ ဆက်သွယ်ရတာ။ ဒါတောင် လိုင်းကောင်းမှရတာ။ အချိန်အခါမရှိပဲနဲ့ ဗုံး လာချလိုက် တိုက်ပွဲဖြစ်လိုက်ဆိုတော့ ဆိုးဆိုးဝါးဝါးဆို ကြားထဲကပြည်သူလူထုကပဲ ခါးစည်းခံနေရတာပေါ့နော်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇွန်လ ၂၄ ရက်၊ ညနေပိုင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်) ကျောက်မဲမြို့ ရပ်ကွက်အချို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံလေးဦးထိမှန်ကာ ၄ ဦးသေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေကြောင်းကပစ်ခတ်လို့ ကျောက်မဲမြို့ပေါ်က စံပြထမင်းဆိုင်ကိုကျတာ။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကိုထိပြီး သေသွားတယ်။ နောင်ချိုကနေ စစ်ဘေးရှောင်လာသူအချို့လည်း လက်နက်ထိလို့ ဒဏ်ရာရတာတွေလည်းရှိတယ်။ ဒဏ်ရာရတာ စုစုပေါင်း ၁၄ ဦးလောက်တော့ရှိမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးနီးပါးပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ချို့မြို့မှ ကျောက်မဲမြို့သို့ စစ်ဘေးရှောင်လာသူ ၇၀၀ နီးပါး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ကလည်း နစကတပ်နှင့် TNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အပါအဝင် လူဦးရေ ၉၀ ထက်မနည်းသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်မှစ၍ ရှမ်းပြည်နယ်(မြောင်းပိုင်း)၊ နောင်ချိုမြို့တွင် နစကတပ်နှင့် TNLA တပ်တို့တိုက်ပွဲများ ပြင်းထန်နေပြီး အရပ်သာသေဆုံးမှုအချို့လည်းရှိနေကြောင်း သိရ သည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-နန့်ခုံး ရှမ်းများပရဟိတအသင်း

#ယနေ့ခေတ်

ကျောက်မဲမြို့တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.