အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတွင် မီးရှို့ဖျက်ဆီး

စင်္ကာပူ၊ ဇွန် ၂၆

ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သိမ်းဆည်းရမိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံရှိမြို့ကြီးများတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အရှေ့တောင်အာရှ ရွှေတြိဂံဒေသနှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှ စိတ်ကြွဆေးပြားထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုကို ကုလသမဂ္ဂကျွမ်းကျင်သူများက သတိပေးခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အရှေ့နှင့် အရှေ့တောင်အာရှအတွက် တရားမဝင်မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်အဖြစ် ကာလကြာရှည်စွာရှိနေခဲ့သည်။

ကုလသမဂ္ဂအေဂျင်စီက မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူအဖြစ် ၂၀၂၃ ခုနှစ်တွင် တံဆိပ်တပ်ခဲ့သည်။

ရန်ကုန်တွင် အမေရိကန်ဒေါ်လာ ၁၁၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားကို မီးရှို့ဖျက်ဆီးရာတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကီတာမင်း၊ ice (သို့) crystal meth ဟုခေါ်သော စိတ်ကြွဆေးများပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးချုပ် စိန်လွင်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

အလားတူ အခမ်းအနားများကို မန္တလေးမြို့နှင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တို့တွင်လည်း ယနေ့ပြုလုပ်ခဲ့သည်။

အဆိုပါနေရာ ၃ ခုတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ သန်းရှိကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားသည်။

Ref: CNA

#ယနေ့ခေတ်

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတွင် မီးရှို့ဖျက်ဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.