မန္တလေးတွင် အခမဲ့စား​သောက်ဖွယ် Food Box ပြုလုပ်​ထား

မန္တ​လေး၊ ဇွန် ၂၇

မန္တလေးတိုင်း​ဒေသကြီး၊ မဟာ​အောင်​မြေမြို့နယ်၊ ၄၂ လမ်းနှင့် ၆၇ (A)လမ်းထောင့်ရှိ ဝမ်းဝမ်း Electric City ဆိုင်ရှေ့အနီးတွင် ဇွန် ၂၆ ရက်မှစတင်၍ အခမဲ့စား​​သောက်ဖွယ် Food Box ပြုလုပ်​ထား​ကြောင်း သိရသည်။

လမ်းသွားရင်း ရုတ်တရက်ဗိုက်ဆာသူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာ​ရေးချို့ယွင်းသူများနှင့် က​လေးသူငယ်များ လွယ်လင့်တကူစား​သောက်နိုင်​ရေးအတွက် မန္တ​လေးမြို့အ​ခြေစိုက် လူမှုကူညီ​ရေးအဖွဲ့များကဦး​ဆောင်၍ “ လိုလျှင်ယူ ပိုလျှင်လှူ” ​ဆောင်ပုဒ်ဖြင့် မည်သူမဆိုအခမဲ့စား​သောက်နိုင်သည့် Food Box အစီအစဉ်ကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်​ကြောင်း ကိုနေမျိုး​မောင် One To One Mandalay Ko One ထံမှ စုံစမ်းသိရှိရသည်။

“ လမ်းသွားရင်း ဖြစ်တတ်တဲ့ ဗိုက်ဆာတာ၊ ​ခေါင်းမူးတာ အစရှိတဲ့သူ​တွေ။ အစာအိမ်သမား​တွေ ဗိုက်ဆာရင်ယူစားဖို့အတွက် ‘လိုလျှင်ယူ ပိုလျှင်’လှူအစီအစဉ်အရ Food Box ထဲမှာရှိတဲ့ အချို​ရည်၊ ​ပေါင်မုန့်နဲ့ ကိတ်မုန့် အစရှိတာကို အခမဲ့လှူဒါန်း​ပေးထားတာပါ။ ဒီအလှူဟာလဲ ခုနစ်ရက်သားသမီး​တွေရဲ့ စု​ပေါင်းအလှူပါ” ဟု မန္တ​လေးမြို့​ ဒေသခံတစ်ဦးက ယ​နေ့​​ခေတ်သို့ ​ပြောသည်။

အဆိုပါ ‘လိုလျှင်ယူ ပိုလျှင်လှူ’ Food Box အတွင်း အချိုရည်ဗူး၊ အဆာ​ပြေ မုန့်ပဲသ​ရေစာများကို ထည့်သွင်းပေးထားပြီး မည်သူမဆို အခမဲ့ထုတ်ယူစားသုံးနိုင်မည်ဖြစ်​ကြောင်း သိရသည်။

Food Box အတွင်းသို့ လှူဒါန်းလိုသများအ​​နေဖြင့် မိမိတို့သ​ဘောဆန္ဒအတိုင်း လွတ်လပ်စွာထည့်သွင်းလှူဒါန်းနိုင်မည်ဖြစ်​ကြောင်း သိရသည်။

အလားတူ ၂၀၁၉ ခုနှစ်ကလည်း မန္တ​လေးကျုံးအ​​ရှေ့ဘက်ခြမ်းတွင် Food Box ဖြင့် “ လိုလျှင်ယူ ပိုလျှင်လှူ” အစီအစဉ်ကိုဆောင်ရွက်ခဲ့ဖူး​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – One To One Mandalay Ko One

#ယနေ့ခေတ်

မန္တလေးတွင် အခမဲ့စား​သောက်ဖွယ် Food Box ပြုလုပ်​ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.