ဂါဇာမှဈေးတစ်ခုကို အစ္စရေးကတိုက်ခိုက် ပါလက်စတိုင်း ၁၈ ဦး သေဆုံး

ဂါဇာ၊ ဇွန် ၂၇

ဂါဇာအလယ်ပိုင်း၊ Deir al-Balah မြို့ရှိ ဈေးတစ်ခုအား ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် ဟားမတ်စ်ရဲတပ်ဖွဲ့ကို အစ္စရေးကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်း အနည်း ဆုံး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်နှင့် မျက်မြင်သက်သေတစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။

အရပ်ဝတ်နှင့် မျက်နှာဖုံးများဝတ်ဆင်ထားသည့် ဟားမတ်စ်ရဲတပ်ဖွဲ့ဝင်များကို အစ္စရေးက ဒရုန်းများဖြင့်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အစ္စရေးအနေဖြင့် ရဲတပ်ဖွဲ့၏ညွှန်ကြားချက်များကို တာဝန်ထမ်းဆောင်နေသည့်ရဲများကို တိုက်ခိုက်ခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ဟားမတ်စ်များဦးစီးသော ပြည်ထဲရေးဝန်ကြီးဌာနကစွပ်စွဲကာ၊ အဆိုပါတိုက် ခိုက်မှုကို ရှုတ်ချခဲ့သည်။

“သင့်တင့်တဲ့ဈေးနဲ့မရောင်းရင် ကုန်ပစ္စည်းတွေကို သိမ်းမယ်” ဟု ရဲတပ်ဖွဲ့ကပြောဆိုပြီး ဆိုင်ရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက BBC ကို ပြောသည်။

ထို့နောက် အစ္စရေးမောင်းသူမဲ့လေယာဉ်များက ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများ မြေပြင်ပေါ်တွင်ပြန့်ကျဲနေပြီး၊ ဈေးဝယ်သူများက ထိတ်လန့်စွာအော်ဟစ်နေကြကာ၊ အရေးပေါ်လူနာတင်ယာဉ်များက ဒဏ်ရာရရှိသူများကို အပြေးအလွှားလာရောက်ကယ်ဆယ်ကြသည်ကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

Al-Aqsa ဆေးရုံမှ ဆရာဝန်တစ်ဦးက အလောင်း ၁၈ လောင်းကို ရင်ခွဲရုံသို့ယူဆောင်သွားကြောင်းပြောကြားပြီး၊ ထိုနေရာတွင် မည်မျှအသတ်ခံရသည်ကို မသိရှိရကြောင်း ရဲအ ရာရှိက BBC သို့ ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများသည် စားနပ်ရိက္ခာရရှိရန် ရုန်းကန်နေရဆဲဖြစ်ပြီး၊ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတို့ ကျောထောက်နောက်ခံပြု လူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း(GHF)က အကူအညီများဖြန့်ဖြူးသည့်နေရာနှင့် အနီးတစ်ဝိုက်တွင် နေ့စဉ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး၊ အကူအညီများမှာ အကန့်အသတ်ဖြင့်သာရရှိသောကြောင့် စျေးကွက်များတွင် ကုန်ပစ္စည်းဈေးနှုန်းများ လွန်စွာမြင့်တက်လျှက်ရှိသည်။

Ref: BBC

#ယနေ့ခေတ်

ဂါဇာမှဈေးတစ်ခုကို အစ္စရေးကတိုက်ခိုက် ပါလက်စတိုင်း ၁၈ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.