ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ် ၁၀ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၇

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် နေပြည်တော်မှ ရန်ကုန်သို့မောင်းနှင်လာသည့် Yutong အမျိုးအစား ခရီသည်တင် Express သည် လမ်းဘေးတွင်ရပ်ထားစဉ် အနောက်မှမောင်းနှင်လာသည့် Scania အမျိုးအစား Express ကဝင်တိုက်ခြင်းကြောင့် ခရီးသည် ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့(ဇွန်လ ၂၆ ရက်)၊ ညနေ ၃ နာရီ ၅၀ မိနစ်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၇၀/၄-၅) ဖာ လုံကြားတွင် နေပြည် တော်မှ ရန်ကုန်သို့မောင်းနှင့်လာသည့် Yutong အမျိုးအစား ခရီသည်တင် Express သည် လမ်းဘေးတွင်ရပ်ထားစဉ် အနောက်မှမောင်းနှင်လာသည့် Scania အမျိုးအစား Express က ဝင်တိုက်ခြင်းကြောင့် Scania ယာဉ်ပေါ်ပါခရီးသည် ၂၇ ဦးအနက် အမျိုးသမီးငါးဦးနှင့်၊ အမျိုးသားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အရှေ့က စက်ချို့ယွင်းလို့ရပ်ထားတဲ့ကားကို အနောက်ကနေဝင်တိုက်တာဗျ။ ဒဏ်ရာရရှိသူကတော့ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးငါးယောက်။ ဒဏ်ရာပြင်းထန်သူတော့ တစ်ယောက်ပဲပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ရပ်ထားတဲ့ကား​ပေါ်မှာတော့ ခရီးသည်မပါဘူး။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူများကို ကြက်ခြေနီအသင်းနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့က မြို့ချောင်းတိုက်နယ်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၇/၅-၆)ဖာလုံကြားတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်၍ လမ်းလယ်ကျွန်းရှိ ခရေပင်ကိုဝင်တိုက်မိကာ ကလေးငယ်အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-အမြန်လမ်းမီးသတ်

#ယနေ့ခေတ်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ် ၁၀ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.